အပိုင်း(၁၀) ပေါင်းကြံခြင်း

3.1K 386 13
                                    

နောက်ဆုံးမှာတော့ ယနေ့ညတွင်
ကျောက်ဝမ်ယုံးသည် ကုထင်ရန်၏ သလွန်ထက်သို့ အောင်မြင်စွာတတ်နိုင်သွားခဲ့လေသည်။

ယနေ့ညတွင် ကုထင်ရန်က သလွန်ထက်မှာ
လှဲလှောင်းနေပြီး စောင့်ဖြင့် သူ့ကိုယ်သူ လုံအောင် ခြုံထား၍ ခေါင်းလေးသာ ဖော်ထားသည်။ မျက်လုံးလေးက ဝိုင်းဝိုင်းစက်စက်ဖြစ်နေလေ၏။

ကျောက်ဝမ်ယုံးက အပြင်ဝတ်ရုံ တစ်ထည်ပြီးတစ်ထည် ချွတ်ပြီး သူ့ကုတင်ပေါ် တတ်လာသည်ကို မျက်လုံးအပြူးသားဖြင့် ကြည့်နေပေမယ့် စကား တစ်ခွန်းမှ မဆိုချေ။

ရှေ့ရက်များတုန်းကလို အပြင်းအထန် ခုခံသည့် ပုံစံ လုံးဝ ရှိမနေချေ။
ကျောက်ဝမ်ယုံးက ရယ်ချင်သွားသည်။
ကုတင်ဘေးမှာရပ်၍ မေးလိုက်လေသည်။

"ဒီနေ့ ဘယ်လိုဖြစ်လို့ ကိုယ့်ကို မောင်းထုတ်ဖို့ မတွေးရတာလဲ"

သူပြောတဲ့အချိန်တွင် ပြုံးလျက် ကုထင်ရန်ကို ကြည့်နေလေ၏။ ကုထင်ရန်က သူ့အကြည့်များနှင့် ရင်ဆိုင်လိုက်ရတော့ စိတ်ထဲဝယ် မထိန်းချုပ်နိုင်ဘဲ ကျောက်ဝမ်ယုံး၏ အကြည့်ထဲတွင် နွေးထွေးကြင်နာမှုများ ကိန်းအောင်းနေသလို အတွေးတစ်ခု ပေါက်ဖွားလာလေသည်။

ထို နွေးထွေးကြင်နာမှုက လူကို မထိန်းချုပ်နိုင်ဘဲ သူ့ရဲ့ အကြည့်ထဲမှာ နစ်သေစေလေသည်။

ကုထင်ရန်၏ နားရွက်လေးများကတဖြည်းဖြည်း နီရဲလာလေသည်။

သူက စောင်ကို ဆွဲတင်လိုက်ပြီး ခေါင်းမြီးပါခြုံလိုက်လေသည်။ တစ်ဖက်လှည့်၍ ကျောက်ဝမ်ယုံးကို နောက်ပြင်လေးတစ်ခုသာ ပေးထားလိုက်သည်။

ပါးစပ်ကနေ နှစ်ခွန်းလောက် တွတ်ထိုးနေသေးသည်။

"ကျွန်တော်မှ အရှင့်ကို မနိုင်တာ.....

ကျောက်ဝမ်ယုံးက နည်းနည်းလောက် အနားတိုးလိုက်တော့ ကုထင်ရန်၏ အသံတိုးတိုးလေးကို ထပ်ကြားလိုက်လေသည်။

"အဲ့....အဲ့တော့....အရှင့် သဘောတိုင်းပေါ့"

ကျောက်ဝမ်ယုံး၏ နှလုံးသားက တမုဟုတ်ချည်း ပျော့ပျောင်းသွားလေသည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now