ကျောက်ဝမ်ယုံးရောက်သောအခါ
ကုထင်ရန်က ရေချိူးပြီးကာစ အိပ်ရာထဲဝင်မလို့ ပြင်နေလေသည်။သူ့ ဆံနွယ်များကမထုံးဖွဲ့ရသေးချေ။ မဲနက်သည့်ဆံနွယ်များက သူ့ပုခုံးပေါ် ဖြာကျနေပြီး ဆံနွယ်အဖျားတွင် ရေစက်လေးများ သီးနေသေးလေသည်။ ကျောက်ဝမ်ယုံး
ခေါင်းမော့ကြည့်လိုက်သည်နှင့် ပုတ်ခတ်ပုတ်ခတ်လုပ်နေသော ကုထင်ရန်၏ မျက်တောင်စင်းစင်းလေးကို မြင်လိုက်ရသည်။ ထိုမျက်တောင်လေးများက သူ့ နှလုံးသားထက် ပုတ်ခတ်နေသည့်နှယ်။ကျောက်ဝမ်ယုံးက ရုတ်ချည်း မှင်သက်သွားလေသည်။
ကုထင်ရန်က သူ့ပုံစံကို မြင်တော့ အလိုလို လှောင်ပြုံးပြုံးမိလိုက်ပြီး မျက်ဝန်းထဲတွင် လှောင်ပြောင်မှုများ အတိဖြစ်သွားလေသည်။
ကျောက်ဝမ်ယုံးက ရုတ်ချည်း အကြည့်ပြန်ရုတ်လိုက်ပြီး ခေါင်းကို တစ်ဖက်လှည့်ကာ အက်ကွဲနေသော လေသံဖြင့် ပြောလိုက်သည်။
"မိုးချုပ်နေပြီ၊ အိပ်ရအောင်"
ကုထင်ရန်က သူ့ကို အပေါ်အောက်ကြည့်၍ တစ်ချက် အကဲခတ်ပြီးနောက် ပြောလိုက်သည်။
"ခင်ဗျားမလာရင် ကျွန်တော် ပိုအိပ်ကောင်းမှာ"
"ကိုယ်တော်က ဧကရာဇ်၊ ကိုယ်တော်သွားချင်တဲ့နေရာသွားမယ်၊ မင်း ပြောပိုင်ခွင့်မရှိဘူး"
ကျောက်ဝမ်ယုံးက မျက်နှာပေါ်ရှိ ခံစားချက်များကို မြန်မြန် ပြန်ရုတ်သိမ်းလိုက်သဖြင့်
ကုထင်ရန်ကို သူကြည့်သည့် အကြည့်ထဲတွင် ပျော့ညံ့မှု စိုးစဉ်းမျှ ထပ်မပါတော့ချေ။ မောက်မာထောင်လွှားပြီး ထင်ရာလည်းစိုင်းတတ်သည့် ဧကရာဇ်တစ်ပါးအတိုင်းပင်။ကုထင်ရန်က နှုတ်ခမ်းကို ကြိုးတစ်ချောင်းလို တင်းတင်းစေ့ထားပြီး မျက်လုံးပြူးမျက်ဆန်ပြူးနဲ့ ပြောလိုက်သည်။
"ကျောက်ဝမ်ယုံး၊ ခင်ဗျား တကယ် အရှက်မရှိတဲ့ကောင်"
ကျောက်ဝမ်ယုံးက သူ့ကို အေးစက်ခက်ထန်စွာကြည့်နေပြီး အလျော့ပေးချင်စိတ် တစ်စက်မှမရှိပေ။
ဤကဲ့သို့ ဓါးလှံမဖောက်နိုင်သည့်ပုံစံနဲ့ ကျောက်ဝမ်ယုံးကို ကုထင်ရန်က ဒေါသထွက်ရုံမှတပါး သူ့ကို ထိခိုက်အောင်လုပ်လို့ရမည့် နည်းလမ်း လုံးဝ မရှိချေ။
YOU ARE READING
ပြိုင်ဘက်ကင်းအမျိုးသားဧကရီ
Historical Fictionဘာသာပြန်ဝတ္ထုပါ။ Zawgyi + unicode Chapter - 194+extra 35 extraက မူရင်းစာရေးသူ 35 ပိုင်းနဲ့ရပ်ထား