ကျောက်ဝမ်ယုံးနိုးလာသည့်အချိန်တွင် သူ၏ရင်ခွင်ထဲမှာရှိနေသည့် လူကို ချက်ချင်းတွေ့လိုက်ရသည်။ ကုထင်ရန်က အေးအေးချမ်းချမ်းဖြင့် သူ၏ရင်ခွင်ထဲတွင် လှဲလျောင်းနေလေသည်။ သူတင်းတင်းကြပ်ကြပ်ဖက်ထားမိလို့နေမည်။ ကုထင်ရန်၏ မျက်နှာက နီးမြန်းနေပြီး ကြည့်ရတာ သိမ်မွေ့၍ နှစ်လိုဖွယ်ကောင်းလှသည်။
ကျောက်ဝမ်ယုံး၏ မျက်ခုံးတွေက ပြေလျော့သွားပြီး နှုတ်ခမ်းထောင့်စွန်းမှလည်း အလွယ်တကူသတိမထားမိနိုင်သည့် အပြုံးပေါ်လာခဲ့သည်။ ကုထင်ရန်ကို ပိုပြီးတင်းကြပ်အောင်ဖက်လိုက်တော့သည်။
..........ကုထင်ရန်က အပြင်းဖျားခဲ့ပြီး ခန္ဓာကိုယ်၏ အောက်ပိုင်းက ပိုပြီး အဆင်မပြေဖြစ်နေလေသည်။ နေမြင့်သည့်အထိ အိပ်ပြီးမှ နောက်ကျိကျိနှင့်နိုးလာခဲ့သည်။ နားထဲတွင် စာရွက်လှန်နေသည့် အသံ ခပ်တိုးတိုးကို ကြားလိုက်ရသည်။
မျက်လုံးဖွင့်လိုက်သည်နှင့် မထင်မှတ်ဘဲ ကျောက်ဝမ်ယုံးက သိပ်မဝေးသည့် စားပွဲခုံပေါ်တွင် အစီရင်ခံစာများကို အလေးအနက်ထား၍ ဖတ်ရှုမှတ်ချက်ချနေလေသည်။
သူ့ မျက်နှာကတော့ဘာ အမူအရာမှ မရှိပေ။ လှုပ်ရှားမှုကသာ သတိထားပြီးလုပ်နေသည့် ခံစားချက်မျိုးကို ပေးစွမ်းနေလေသည်။ တစ်ခုခုကို လန့်အောင်လုပ်မိမှာ ကြောက်နေသလိုပင်။
သူက အမြဲတမ်းလိုလို မောက်မာပြီး ရိုင်းစိုင်းကြမ်းတမ်းနေသဖြင့် ကုထင်ရန်က သူ၏ ဒီလိုပုံစံမျိုးကို တစ်ခါမှ မတွေ့ဖူးသလောက်ဖြစ်သည်။ အမြင်မှားနေတယ်လို့တောင်ထင်မိသွားသည်။
ကျောက်ဝမ်ယုံးသည် ငယ်ငယ်တုန်းက စာသင်ခန်းထဲမသွားခဲ့ဖူးပေ။ ငယ်ငယ်လေးကတည်းက စစ်တပ်ထဲမှာနေခဲ့ရသဖြင့် ထို ကဗျာတွေ စာပေတွေကို တစ်လုံးမှမသိပေ။ နန်းတတ်ပြီးနောက်ယဉ်ကျေးမှုမရှိသဖြင့် စာပေပညာရှင်တွေ၏ လှောင်ပြောင်ခြင်းကို ခံခဲ့ရတာမနည်းချေ။
အဲ့ဒီအစား ထိုသို့ဖြစ်လေ သူက အရှုံးမပေးလေဖြစ်သည်။ အစီရင်ခံစာတွေကို မှတ်ချက်ချသည့်နေရာမှာတောင် မပေါ့မဆဘဲ စေ့စပ်သေချာစွာလုပ်သည်။
YOU ARE READING
ပြိုင်ဘက်ကင်းအမျိုးသားဧကရီ
Historical Fictionဘာသာပြန်ဝတ္ထုပါ။ Zawgyi + unicode Chapter - 194+extra 35 extraက မူရင်းစာရေးသူ 35 ပိုင်းနဲ့ရပ်ထား