"မင်းဘာလုပ်လိုက်တာလဲ"
ကျောက်ဝမ်ယုံး ဝင်လာသည်နှင့် ဒေါသပေါက်ကွဲထွက်နေသည့် ပုံစံဖြစ်နေသည်။ သူ့၏ မျက်ဝန်းတွေက နီရဲနေပြီး တုန်လှုပ်နေသည့် မျက်နှာက လူကို ကြောက်ရွံ့ထိတ်လန့်စေသည်။
ကုထင်ရန်က သူ့ရဲ့ ထိုပုံစံကို ကြည့်ရင်း ရုတ်တရက် တစ်ချက် ရယ်မိသွားသည်။ ထိုနောက် အေးဆေးတည်ငြိမ်သည့် ပုံစံ ပြန်ဖြစ်သွားသည်။ ထိုပုံစံက ကျောက်ဝမ်ယုံးကို လုံးလုံးလျားလျား စိတ်တိုဒေါသထွက်စေသည်။
သူ စိတ်တိုလွန်းသဖြင့် အသိစိတ်ပါ ပျောက်သွားခဲ့သည်။ ကုထင်ရန်၏ လည်ပင်းကို ဆွဲညှစ်ပြီး နံရံထက်မှာ ဖိထားခဲ့သည်။
ကုထင်ရန်သည် အသက်ရူကြပ်လာသဖြင့် မျက်နှာက ရဲတတ်လာပေမယ့် မျက်ဝန်းတွေကတော့ ပြုံးရယ်နေသေးသည်။ ထိုပုံစံက ရန်စနေသည့်ပုံနှင့် တူသည်။"အရှင်မင်းကြီး! သခင်လေး အသက်ထွက်တော့မယ်!"
ကြည့်နေသည့် ရူရွေ့တောင် ကြောက်ရွံ့ထိတ်လန့်မိသည်။ မထိန်းချုပ်နိုင်သည့်အဆုံး ကျယ်လောင်စွာ အော်လိုက်သည်။ ထိုကျမှသာ ကျောက်ဝမ်ယုံး၏ အသိစိတ်က အနည်းငယ် ပြန်ဝင်လာခဲ့သည်။ သူ လက်ကို လွှတ်လိုက်ပေမယ့် မျက်နှာပေါ်မှာ မုန်းတီးမှု အရိပ်အယောင်များရှိနေသေးသည်။
"အဟွတ်....အဟွတ်....အဟွတ်"
ကုထင်ရန်သည် ခက်ခက်ခဲခဲ အသက်ရူနေရသဖြင့် ချောင်းဆိုးလာသည်။ သူအသက်ရူလို့တောင် မဝသေးပေ၊ ကျောက်ဝမ်ယုံး၏ မာန်မဲသံကို ကြားလိုက်ရသည်။
"ကောင်းကောင်းမနေဘဲ မင်းက ငါ့ကို ပြဿနာတတ်အောင်လုပ်လိုက်သေးတယ်ပေါ့"
"မင်းဘာလုပ်လိုက်လဲဆိုတာ သိရဲ့လား"
ကျောက်ဝမ်ယုံး၏ မျက်ဝန်းတွေက မှောင်မဲနေပြီး ဒေါသကို ထိန်းချုပ်လို့ မရနိုင်သေးပေ။
ခဏလောက်ကြာပြီးမှသာ ကုထင်ရန်က ပုံမှန် ပြန်ဖြစ်သွားခဲ့သည်။ ကျောက်ဝမ်ယုံးကို ကြည့်နေသည့် မျက်ဝန်းတွေက ကြောက်ရွံထိတ်လန့်မှု စိုးစဉ်မျှမရှိပေ။
"ကျွန်တော့်အပေါ် ကောင်းပါ့မယ်လို့ အရှင်ပဲပြောတယ်မလား? "
VOUS LISEZ
ပြိုင်ဘက်ကင်းအမျိုးသားဧကရီ
Fiction Historiqueဘာသာပြန်ဝတ္ထုပါ။ Zawgyi + unicode Chapter - 194+extra 35 extraက မူရင်းစာရေးသူ 35 ပိုင်းနဲ့ရပ်ထား