အခန်း(၂၅) ကုထင်ရန်၊ ကျစ်ကျီးချင်း

6.7K 757 16
                                    

လေညှင်းလေးက ကန်ရေပြင်ပေါ် ဆော်သွေးတိုက်ခတ်သွားတဲ့ အသံလေးတွေ၊ ကန်ရေပြင်မှ နေရောင်ကြောင့် တလက်လက်တောက်ပနေသည့် လှိုင်းတံပိုးလေးတွေ။

ထိုတဒင်္ဂတလေးမှာ လောကကြီးက ရုတ်တရက် တိတ်ဆိတ်ကျသွားသလိုပင်။ ဆူဆူညံညံအုတ်အုတ်ကျက်ကျက်ဖြစ်နေသည့် လူအုပ်ကြီးက အရိပ်အယောင်တောင်မကျန်ဘဲ ရုတ်တရက် ပျောက်ကွယ်သွားလေသည်။ ကုထင်ရန်က မျက်စိရှေ့က လူကို အာရုံစူးစိုက်၍ ကြည့်လိုက်သည်။

တစ်ချိန်တုန်းက သူ့ကို နာကျင်မှုနှင့် ဒဏ်ရာဒဏ်ချက်များ ပေးခဲ့သည့်လူ၊ သူ့ရဲ့ဘဝကို အမှောင်ချခဲ့သူ၊ မထင်မှတ်ဘဲ ထိုလူက အနည်းငယ် မျက်စိပသာဒရှိတယ်လို့ ထင် နေမိသည်။ ထို အတွေးမျိုးကို သူက ပထမဆုံးအကြိမ် တွေးထင်မိတာဖြစ်သည်။ နည်းနည်းလေး စိမ်းသက်နေပေမယ့် မနှစ်မြိုတာမျိုးတော့ မဟုတ်ချေ။

အဝေးတစ်နေရာက ခမ်းနားထည်ဝါသည့် အဆောင်မှ မီးရှုးမီးပန်းများ ပစ်လွှတ်လိုက် လေသည်။ ရုတ်တရက် ကုထင်ရန်က ပြုံးလိုက်သဖြင့် ကျောက်ဝမ်ယုံး၏ မျက်လုံးအစုံမှာ ဝေဝါးသွားသည်။

ကုထင်ရန်ကပြောလိုက်သည်။

"အရှင်ပြောဖူးတဲ့စကားကို ကျိန်းသေပေါက် မှတ်ထားရမယ်နော်"

"ကောင်းပါပြီ"

လမ်းမထက်တွင် အတော်လေး ဆူညံနေသဖြင့် တကယ်တော့ ကျောက်ဝမ်ယုံးက
ကုထင်ရန် ဘာပြောလိုက်လဲဆိုတာကို သေချာမကြားလိုက်ချေ။ သူက မှင်သက်စွာဖြင့် ကုထင်ရန်ကို ကြည်‌နေရင်း တွေးလိုက်၏။ ဘယ်လိုတောင်းဆိုချက်ပဲဖြစ်ဖြစ်၊ သေချာပေါက် သူက ကုထင်ရန်ကို ကတိပေးနိုင်သည်။

ကျောက်ဝမ်ယုံးက ဖောက်လွှတ်လိုက်ရင် မိုးကောင်းကင်တစ်ခုလုံး ထိန်လင်းတောက်ပသွားသလိုဖြစ်စေမည့် အကောင်းဆုံး၊ အလှပဆုံး မီးရှုးမီးပန်းများကို အမြန်ပြုလုပ်ရန် လူတွေကိုအမိန့်ပေးထားသည်။

သူနှင့်ကုထင်ရန်က လမ်းဘေးဘက်မှာ  အဖော်ပြုလမ်းလျှောက်ရင်း စည်းကားသိုက်မြိုက်မှုကို ကြည့်ရှုနေသည်။ ရုတ်တရက် ကိုယ်တွေက သာမန်ဇနီးမောင်နှံတွေနှင့် သိပ်မကွာသလို့ ခံစားမိလာသည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီDonde viven las historias. Descúbrelo ahora