ကုထင်ရန်သည် ယခင်ရက်များမှာ မျက်နှာသာပေးခံခဲ့ရပေမယ့် သူက
ယောင်္ကျားလေးတစ်ယောက်ဖြစ်သောကြောင့် တကယ်တော့ သူ့ကို မျက်လုံးထဲထည့်သည့်သူ သိပ်မရှိကြချေ။ သူတို့ရဲ့ ကောက်ကျစ်ယုတ်မာသည့် အကြံဆိုး အများစုက ဧကရီနှင့် အိမ်ရှေ့စံကို ဦးတည်တာဖြစ်သည်။သည်နေ့မှာတော့ အိမ်ရှေ့စံကို ပြုစုပျိုးထောင်မည့်ကိစ္စကြောင့် လမ်းကြောင်း ရှင်းသွားပြီဖြစ်သည်။
ကုထင်ရန်က လူတော်တော်များ၏ မျက်လုံးထဲသို့ အရှိန်အဝါအပြည့်ဖြင့် နောက်ထပ် တစ်ကြိမ် ဝင်ရောက်သွားခဲ့သည်။
လွန်ခဲ့သော နှစ်များစွာက သူညဘက်ကြီး နန်းတော်ဂိတ်တံခါးသို့ ဇွတ်တရွတ်ဝင်ရောက်ခဲ့သည့် အချိန်တုန်းက အတိုင်းပင်။
ထိပ်ဆုံးမှာထိုင်နေသည့် ဧကရာဇ်နှင့်
ကုကွေ့ကျွင်းက ပြုံးစိစိဖြစ်နေကြပေမယ့် အောက်ဘက်ရှိ ဧကရီနှင့် တော်ဝင်မျိုးနွယ်တို့၏ အတွေးများကိုတော့ မခန့်မှန်းနိုင်ဖြစ်နေလေသည်။ အမှန်တကယ်တော့ ဤအရာတွေအားလုံးကို ကျောက်ဝမ်ယုံး၏
စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း သိပြီးသားဖြစ်သည်။ သို့သော် သူက နှစ်အချို့လောက် သည်းခံခဲ့ပြီးပြီဖြစ်သလို နှစ်အချို့လောက် အမှားများ ကျူးလွန်ခဲ့ပြီးပြီဖြစ်သောကြောင့် နောက်ဆုံးမှာ သူ သဘောပေါက်သွားခဲ့သည်။ သူက ကုထင်ရန်ကို ကိုယ်ပိုင်တဲ့ ပစ္စည်းဟု အမြဲတမ်း မှတ်ယူလို့ မရချေ။ကုထင်ရန်ကလည်း လူတစ်ယောက်ဖြစ်သည်။ ဂုဏ်သိက္ခာရှိသည့် လူတစ်ယောက်ဖြစ်သည်။
သူ့မှာရှိသည့် အာဏာက ကုထင်ရန်ကို သူနှင့်အတူ ရင်ဘောင်တန်းနိုင်အောင်လုပ်ပေးဖို့ဖြစ်ပြီး လှောင်အိမ်ထဲက စာဝါငှက် လုပ်ခိုင်းဖို့ မဟုတ်ချေ။
သူက ကုထင်ရန်အတွက်နဲ့ ဧကရာဇ်တစ်ပါး၏ ကန့်သတ်စည်းများကို စိန်မခေါ်နိုင်သလို ကုထင်ရန်ကို သူ့ အိပ်မက်အတိုင်း ခေတ်အဆက်ဆက် ဂုဏ်သတင်းမွှေးပျံမည့် အရာရှိတစ်ယောက်လည်း လုပ်ခွင့်မပြုနိုင်ချေ။
ဒါပေမယ့် အနည်းဆုံးတော့ သူ့ကို ရာထူးတစ်ခုပေးနိုင်သည်။ လူပုံအလယ်၌ ဝင့်ဝင့်ကြွားကြွား လျှောက်လှမ်းလို့ရမည့် ရာထူးအဆင့်အတန်း တစ်ခုဖြစ်သည်။
ВЫ ЧИТАЕТЕ
ပြိုင်ဘက်ကင်းအမျိုးသားဧကရီ
Исторические романыဘာသာပြန်ဝတ္ထုပါ။ Zawgyi + unicode Chapter - 194+extra 35 extraက မူရင်းစာရေးသူ 35 ပိုင်းနဲ့ရပ်ထား