"မယ်မယ်၊ မယ်မယ်!"
ကုရို့လန်က အတော်လေးစိတ်တိုသွားပေမယ့် ဆက်ပြီးဟန်ဆောင်ပြရဦးမည်။
သို့ပေမယ့် မုဟယ်မှလွှဲ၍ ဒီနန်းဆောင်ထဲရှိ လူများအားလုံးက သူတို့သခင်ဆီသို့ ဝိုင်းအုံပြေးသွားကြသဖြင့် သူမအတွက် ပရိသတ်လုပ်ပေးမည့်သူ ဘယ်သူမှမရှိချေ။
ရှုရွေ့ကပြေးလာပြီး ရိုရိုသေသေဖြင့် ပြောလိုက်သည်။
"မယ်မယ်၊ မယ်မယ်ရဲ့ ခန္ဓာကိုယ်က အားနည်းတော့ အရင်ပြန်သွားလိုက်ပါလား"
ရှုရွေ့မျက်နှာက ပြုံးနေသဖြင့် မုဟယ်က လှောင်ပြောင်ချင်နေတယ်လို့ ထင်သွားသည်။ ဒေါသထွက်ပြမလို့လုပ်တုန်းမှာ သတိလစ်နေသည့် ကွေ့ဖေးမယ်မယ်က ရုတ်တရက် လက်ကို လိမ်ဆွဲလိုက်သည်။ ထိုနောက် အေးဆေးတည်ငြိမ်စွာဖြင့် ပြန်နိုးလာသည်။
"ကုန်းကုန်းကို ကျေးဇူးတင်ပါတယ်"
သူမက ပီပြင်သည့် သရုပ်ဆောင်မှုတစ်ခုကို ဖန်တီးခဲ့သဖြင့် စကားပြောတာတောင်မှ အားနည်းဖျော့တော့နေသည့်ပုံစံဖြစ်နေလေသည်။ ကြည့်ရတာ ခန္ဓာယ်ကိုယ်က သိပ်မဟန်သလိုပင်။
ရှုရွေ့က ကျောက်ဝမ်ယုံး၏ လူယုံတော်ဖြစ်သဖြင့် ကုရို့လန် သူမက ထိပါးချင်တိုင်းထိပါးလို့မရပေ။
ရူရွေ့က သူမကို တစ်ချက်ကြည့်လိုက်ပြီး ဘာစကားမှမပြောဘဲ ရိုရိုသေသေဖြင့် သူမကို လိုက်ပို့ပေးလိုက်သည်။
မုဟယ်က ကုရို့လန်ကို တွဲရင်း လာတုန်းက စီးလာသည့် ဝေါ်ယာဉ်ပေါ် တင်ပေးလိုက်သည်။ မုချန်နန်းဆောင်မှ ထွက်ရုံတင်ရှိသေးသည် ကုရို့လန်က သည်းမခံနိုင်တော့သဖြင့် မုဟယ်ကို တစ်ချက်ကန်ထည့်လိုက်သည်။
"သုံးစားမရတဲ့ဟာမ"
မုဟယ်က ရုတ်တရက် မြေပြင်ပေါ် လဲကျသည်အထိ တစ်ချက် အကန်ခံလိုက်ရသည်။
သူမက စစခြင်းမှာ ဘာမှမတုံ့ပြန်သေးပေမယ့် သတိလက်လွှတ်နဲ့ တစ်ချက်စောင်းငဲ့ကြည့်လိုက်သည်။ ကုရို့လန်၏ မျက်နှာက ကောက်ကျစ်ပက်စက်သည့် အမူအရာဖြစ်နေသဖြင့် စိတ်ထဲမှာ အထိန့်တလန့်ဖြစ်သွားသည်။
YOU ARE READING
ပြိုင်ဘက်ကင်းအမျိုးသားဧကရီ
Historical Fictionဘာသာပြန်ဝတ္ထုပါ။ Zawgyi + unicode Chapter - 194+extra 35 extraက မူရင်းစာရေးသူ 35 ပိုင်းနဲ့ရပ်ထား