အပိုင်း(၉၉) ဇာတ်သိမ်းပိုင်း

6.7K 341 37
                                    

ချီးကြောက်.....

အနှီစကားလုံးနှစ်လုံးက ကျူးကောယွီ၏ နှလုံးသားကို အလွယ်လေးချေမွသွားခဲ့သည်။ မှတ်ဉာဏ်ထဲတွင် လွတ်လမ်းမရှိသည့် အထီးကျန်ဆန်မှုကို ရုတ်တရက် ခံစားမိလိုက်သည်။ ရှည်လျားလှသည့် သူ့ဘဝထဲတွင် ထွက်ပြေးဖို့ရွေးချယ်ခဲ့တာ ထိုတစ်ခေါက်သာရှိသည်။ ထိုတစ်ခေါက်ကြောင့် သူ့ရဲ့ လက်ကျန်ဘဝက အဆုံးမရှိသည့် နောင်တထဲ နစ်မြုပ်သွားခဲ့တာဖြစ်သည်။

သူအန်းအန်းကို ကိုယ်မင်းကိုချစ်တယ်ဆိုသော စကားတစ်ခွန်းပြောဖို့သာ အကြွေးတင်ခဲ့သည်။ သို့ပေမယ့် နောက်ဆုံးကျတော့ သူပြောရမှာက ကိုယ်မင်းကိုချစ်တယ်ဆိုသော ထိုစကားတစ်ခွန်းမဟုတ်တော့တာ ကြာပြီဖြစ်သည်။ ကျူးကောယွီက မတ်တပ်ထရပ်ပြီး ထောင်ထဲက မောက်သွမ်းကိုအပေါ်စီးကနေ ကြည့်နေခဲ့သည်။ စိတ်ထဲတွင် လက်စားချေပြီးနောက် ကျေနပ်မှုနှင့် စိတ်သက်သာရာရမှုများရှိမနေချေ။ ခြေကုန်လက်ပန်းကျမှုများသာ ကျန်ရှိနေခဲ့သည်။

သူက မှောင်မဲနေသော အကျဉ်းထောင်ထဲမှ လှည့်ထွက်သွားလိုက်သည်။
အနောက်ဘက်ရှိ မောက်သွမ်းက လရောင်ထဲ တဖြေးဖြေး နစ်မြုပ်သွားခဲ့သည်။
ကျူးကောယွီ ငယ်စဉ်အခါက ထက်သန်သည့်  ခံစားချက်များ အားလုံးက သူနှင့်အတူ အမှောင်ထုရဲ့ ဖုံးလွမ်းခြင်း ခံလိုက်ရသည်။

သုံးရက်ကြာပြီးနောက် ရှောင်နုခေါင်းဆောင်အသစ် ဖန်းတာအာက တစ်သက်လုံး သစ္စာခံမည်ဖြစ်ကြောင်း စာလွှာပေးပို့ခဲ့သည်။ အရှင်မင်းကြီးက အလွန်အမင်း ခံစားသွားရသဖြင့် ရှောင်နုခေါင်းဆောင်အသစ်စီ ကိုယ်တိုင်ကိုယ်ကျ စာရေးလိုက်သည်။ ရှောင်နုရဲ့ ပြည်တွင်းဆူပူမှုကို နှိမ်နင်းရန်အတွက် ရှောင်နုပိုင်နက်အတွင်း ကာကွယ်စောင့်ရှောက်ရေးဌာနတစ်ခု ထူထောင်ရန်
လီယွဲ့အား အနောက်အရပ်က ကိစ္စများအားလုံးကို တာဝန်ယူကြီးကြပ်စေခဲ့သည်။

တစ်ချိန်တည်းမှာပဲ ကျူးကောယွီလည်း  ‌ဗဟိုအုပ်ချုပ်ရေးဌာနမှ ထုတ်ပြန်သော လျှို့ဝှက်အမိန့်ကို လက်ခံရရှိခဲ့သည်။  အမိန့်စာတွင် မောက်သွမ်းသေရမည်ဆိုသော စာတစ်ကြောင်းသာရှိသည်။ ဘယ်လိုသေရမလဲဆိုတာကတော့ အရှင်မင်းကြီး ဂရုစိုက်ရမည့် ကိစ္စမဟုတ်ပေ။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီDonde viven las historias. Descúbrelo ahora