ဤနှစ်တွေမှာ ကျောက်ဝမ်ယုံးသည် ကာမဆန္ဒများကို အတော်လေး ထိန်းချုပ်၍ ဖြတ်သန်းခဲ့သဖြင့် အနောက်နန်းဆောင်တွင် မွေးကင်းစကလေးတစ်ယောက်မှတောင် မရှိချေ။
နန်းတော်ထဲတွင် မွေးမိခင်ဂုဏ်ရည်နိမ့်ကျသည့် မင်းသားတစ်ပါးသာရှိသည်။ သားတော်ကြီးဆိုသည့် နေရာကို သိမ်းပိုက်ထားပေမယ့် အဆုံးမှာတော့ အတားအဆီးကြီးကြီးမားမားမဟုတ်ချေ။ ထို့အပြင်
ကျောက်ဝမ်ယုံးက ရှောင်းတန်းယွင်ကို မျက်နှာသာ အနည်းငယ် ပေးခဲ့ရင်တောင် ဧကရီက အချစ်မခံရသည့် အမှန်တရားကို ဖုံးကွယ်လို့မရနိုင်ချေ။သုံးနှစ်တစ်ခါကျင်းပသည့် ကိုယ်လုပ်တော်ရွေးချယ်ပွဲရောက်လာတော့ပေမည်။
လူတော်တော်များများအတွက်ကတော့ ၎င်းက အခွင့်အရေးပဲဖြစ်ပေသည်။မိသားစုထဲဝယ် သမီးမိန်းကလေးရှိသော သူများ၏ မျက်လုံးတွေက
ကျောက်ဝမ်ယုံး၏ အနောက်နန်းဆောင်ကို မမှိတ်မသုန်စူးစိုက်ကြည့်နေကြပြီး ဂုဏ်ရောင်ပြောင်ဖို့အတွက် သမီးကိုရောင်းစား၍ တစ်လှမ်းတည်းနဲ့ အထက်သို့တတ်လှမ်းရန် စိတ်ကူးယာဉ်နေကြသည်။သို့ပေမယ့် လွန်ခဲ့သည့် သုံးနှစ်က
ကျောက်ဝမ်ယုံးသည် အာဏာရှိအသိုင်းအဝိုင်းများကို အစုလိုက်အပြုံလိုက်သုတ်သင်ခဲ့ပြီး သြဇာအာဏာကို ပြန်လည်ဆုပ်ကိုင်နိုင်ခဲ့သည့်အချိန်မှစ၍ ဤနန်းတော်ထဲ၌ အစောင့်အကြပ်များ တင်းကျပ်ထားသဖြင့် တိကျသည့် မည်သည့်သတင်းအချက်အလက်ကိုမှ ထပ်စုံစမ်းလို့ မရတော့ချေ။ဤကဲ့သို့ဖြစ်နေရင်တောင် ဧကရာအရှင်က
မုချန်နန်းဆောင်ရှိ အမျိုးသားကြင်ယာတော်အား အလွန်အမင်း ချစ်မြတ်နိုးသည့် ကိစ္စကို လူတိုင်းက သိကြပါသည်။အပြင်ပန်းမှာတော့ ထိုအမျိုးသားကြင်ယာတော်သည် ဧကရာဇ်အရှင်ကို အသက်စွန့်၍ ကယ်တင်ခဲ့လို့သာ ဧကရာဇ်အရှင်၏ မျက်နှာသာပေးမှုကို ရရှိခဲ့တာ သဘာဝကျသည်ဟု ယူဆကြသည်။
သို့ပေမယ့် တစ်လျှောက်လုံး အချစ်မခံရသည့် အမျိုးသားကြင်ယာတော်တစ်ပါးက ရုတ်တရက် ဧကရာဇ်အရှင်နှင့်အတူ မြို့အနောက်ဆင်ခြေဖုံးရှိ စံအိမ်တော်ကြီးမှာ ပေါ်လာမှုသည် အစကတည်းက ထူးဆန်းသည့် ကိစ္စတစ်ရပ်ဖြစ်ပေသည်။
YOU ARE READING
ပြိုင်ဘက်ကင်းအမျိုးသားဧကရီ
Historical Fictionဘာသာပြန်ဝတ္ထုပါ။ Zawgyi + unicode Chapter - 194+extra 35 extraက မူရင်းစာရေးသူ 35 ပိုင်းနဲ့ရပ်ထား