အခန်း(၄၉)ညအချိန်တွင် နန်းတော်ဂိတ်တံခါးသို့ ဇွတ်တရွတ်ဝင်ရောက်ခြင်း(‌ဒုတိယပိုင်း)

5.4K 714 9
                                    

ဒီနေ့ ကုထင်ရန်က တလျှောက်လုံး နန်းတော်ထဲမဝင်သဖြင့် ကျောက်ဝမ်ယုံးသည် တစ်ယောက်ထဲ မုချန်နန်းဆောင်ထဲမှာ နေ့လည်ကနေ ညနေစောင်းသည်အထိနေနေသည်။ နန်းတော်ဂိတ်တံခါးပိတ်သွားသည့် အချိန်မှာတော့ မျှော်လင့်စောင့်စားနေသည့် ထိုလူကို စောင့်မျှော်ခြင်းမရှိတော့ဘဲ ရင်ထဲမှာ မွန်းကြပ်ဆို့နင့်လာလေသည်။ ထိုအဆောင်ထဲမှာ ထိုင်နေရင်း စိတ်ထဲမှာ သူ့ကို အရေးထားချင်စိတ်မရှိတဲ့ ကုထင်ရန်ပဲ ကောင်းသည်ဟု သူ
မတွေးဘဲမနေနိုင်ပေ။ စိတ်ပျက်လက်ပျက်ဖြင့် ထလာပြီး ကုထင်ရန်၏ စောင်ကို ဖတ်ရင်း အိပ်လိုက်သည်။

ထိုအကြောင်းကို တွေးမိတိုင်း စိတ်ဆိုးဒေါသထွက်မိသည်။

နောက်တော့ တကယ့်ကို မခံစားနိုင်တော့သဖြင့် ညဘက်ကြီးမှာ လူတွေကို ခေါ်ပြီး ရန်ရှင်းနန်းဆောင်ကို ပြန်သွားလိုက်သည်။

သို့ပေမယ့် ထိုနန်းဆောင်ထဲမှာ ထိုလူရဲ့ အငွေ့အသက်မရှိသဖြင့် သူအိပ်မပျော်ဖြစ်ပြန်သည်။

စိတ်ထဲမှာ မသက်မသာဖြစ်လာပြီး တစ်ယောက်တည်း မှုန်ကုပ်ကုပ်ဖြင့်
ကုတင်ဘေးမှာ ထိုင်နေလိုက်သည်။

ဘေးဘက်က မိန်းမစိုးတွေနှင့် အပျိုတော်တွေက တစ်ယောက်မှ အသက်တောင် ပြင်းပြင်း မရူရဲကြပေ။ ‌စိတ်အပြောင်းအလဲမြန်သည့် ဧကရာဇ်အရှင်၏ စိတ်ကိုဆွမိမှာ ကြောက်နေကြသည်။

ရုတ်တရက် မုချန်နန်းဆောင်ရှိ ရူကုန်းကုန်းက အပြေးအလွှားရောက်လာသည်။

အလောတကြီးဖြစ်နေသည့် သူ့ပုံစံကို ကြည့်ရင်း ကျောက်ဝမ်ယုံးက မျက်လုံးတွေကို မှေးကျဉ်းလိုက်သည်။

"အလောတကြီးနဲ့ ဘာဖြစ်တာလဲ"

အရင်တုန်းဆိုရင် ရူကုန်းကုန်းက လန့်ဖျန့်သွားလောက်ပြီဖြစ်သည်။ သို့ပေမယ့် ဒီနေ့မှာတော့ မကြားလိုက်သလိုပင်၊
ကျောက်ဝမ်ယုံးကို ကြည့်ရင်း အသံကျယ်ကြီးဖြင့် အော်လိုက်သည်။

"အရှင်မင်းကြီး ပြဿနာအကြီးကြီးတတ်ပြီ"

ကျောက်ဝမ်ယုံး၏ ကျုံ့ထားသော မျက်ခုံးတွေက ပိုနက်ရှိုင်းသွားသည်။ သို့ပေမယ့် လိုတာထက်ပိုသည့် ဘယ်လိုတုံ့ပြန်မှုမရှိပေ။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now