"ငါ....”ချင်ကျင်း ဒေါသပြေလာသည်နှင့် စနစ်မှ သတိပေးသံ လည်းထွက်ပေါ်လာခဲ့သည်။
“ကစားသူ ချင်ကျင်း နားထောင်ပေးပါ။ သင့်ရဲ့ ဒီနေ့ကစားပွဲချိန်က ကုန်ဆုံးပါတော့မယ်။ ထွက်ခွာရန် အသင့်ပြင်ထားပါ။”
ဂိမ်းကမ္ဘာကြီးသည် တခနချင်းပင် ဝေဝါးလာပြီး ထိုကမ္ဘာမှအသံများသည်လည်း တကယ့်အစစ်မှန်နှင့် ကွဲပြားလာတော့သည်။ ချင်ကျင်းသည် ထူးဆန်းသော အိပ်မက်မက်နေသည်။ ထိုအိပ်မက်မှာ အဆုံးမဲ့ကမ္ဘာဖြစ်သော တုပဂိမ်းစနစ်ထဲသို့ သွားရောက်ခြင်းဖြစ်သည်။ ပန်းပဲထု ခြင်းသည်လည်း သူ့အိပ်မက်၏ အစိတ်ပိုင်းတစ်ခုဖြစ်သည်။ ယေဘုယျအားဖြင့် လူများအိပ်မက်မက်လျှင် အကြမ်းဖျင်း သို့မဟုတ် တစ်စိတ်တစ်ဒေသမျှသာ မှတ်မိကြမည်ဖြစ်သည်။ အိပ်မက်၏ အသေးစိတ်ဖြစ်စဉ်အား အလုံးစုံမှတ်မိရန်မှာ ရှားပါးလှသည်။
သို့သော်လည်း ချင်ကျင်းသည် သူ၏အိပ်မက်ထဲတွင် ဖြစ်ပျက်ခဲ့သော အရာအားလုံးနီးပါးကို မှတ်မိနေခဲ့သည်။ အိပ်မက်ထဲဖြစ်ပျက်ခဲ့သည်များကိုလည်း အပြင်၌အမှန်တကယ် လုပ်ဖူးသကဲ့သို့ အသေးစိတ်ပြန်ပြောပြနိုင်သည်။
ချင်ကျင်းသည် အိပ်ယာ၏အစွန်း တစ်ဖက်ကို အားပြုကာ ထထိုင်လိုက်သည်။ ထို့နောက်သူသည် လက်နှစ်ဖက်လုံးမှနာကျင်နေမှုကို ရုတ်တရက်ခံစားလိုက်ရပြီး ခန္ဓာကိုယ်တစ်ခုလုံးမှ ကြွက်သားများသည်လည်း ပင်ပန်းနှုံးချိနေသည်။ ဤကဲ့သို့သော ခံစားမှုမျိုးအား အရင်ကကြုံ ခဲ့ဖူးသည်။ သင်တန်းကျောင်းသို့ စတင်ရောက်ရှိစဉ်က သင်တန်းနည်းပြ Rodriguez သည် ချင်ကျင်ကို သင်တန်းကျောင်းအား အခါငါးဆယ်ခန့် ပြေးနိုင်သမျှ မြန်မြန်ပြေးစေခဲ့သည်။
ထိုလေ့ကျင့်မှုမှရရှိခဲ့သော ပင်းပန်းမှုနှင့် နာကျဉ်မှုတို့မှာ ယခုအိပ်မက်မက်အပြီးတွင် ဖြစ်နေသော နာကျဉ်မှုတို့နှင့် ခံစားရမှု အတူတူပင်ဖြစ်သည်။ အရင်တစ်ခါနှင့် ယှဉ်လျှင် ယခုနာကျဉ်ကိုက်ခဲနေမှုသည် များစွာသာလွန်နေသည်။ အဘယ်ကြောင့်ဆိုသော် ယခု သူ၏ခန္ဓာကိုယ်၌ နာကျဉ်မှုမရှိသော ကြွက်သားဟူ၍ မရှိတော့သောကြောင့် ဖြစ်သည်။ ၎င်းတို့အနက် ချင်ကျင်း၏လက်မှာနာကျဉ်မှုကို အပြင်းထန်ဆုံး ခံစားနေရပြီး သင်တန်းနည်းပြများနှင့် ဓားရေးလေ့ကျင့်စဉ် ရရှိခဲ့သော ခုတ်ချက်များကြောင့် နာကျဉ်နေသကဲ့သို့ ခံစားနေရသည်။
YOU ARE READING
မိုးကောင်းကင်အားချုပ်ကိုင်ခြင်း
Spiritualမိုးကောင်းကင်အားချုပ်ကိုင်ခြင်း pageလေးကိုလည်း Likeလုပ်ပေးကြပါဦးနော်