“ဒါဘယ်လိုဖြစ်နိုင်မှာလဲ..”
နွားသန်ကြီး ရူဒီသည် ကိုယ့်ကိုယ်ကိုယ် အတော်အံ့အားသင့်နေခဲ့သည်။
“ချင်ကျင်းက သူရဲ့ အတွင်းအားတွေကို ပွဲသုံးခုလုံးမှာ သပ်သပ်ရပ်ရပ် အသုံးချလိုက်တာများလား။ သူရဲ့ အတွင်းအားတွေကို ထုတ်လွှတ်ပြီးပြန် ထိန်းလိုက်တဲ့ အချိန်က ငါတောင်သတိမထားနိုင်လောက်အောင် မြန်နေတာများလား.....”
နွားသန်ကြီး ရူဒီသည် နည်းပြ Rodriguez ၏စကားများကို သတိရလာသည်။ အတွင်းအားကို ကောင်းကောင်း အသုံးချနိုင်သောသူများသည် သူတို့၏ အတွင်းအားများကို ထုတ်လွှတ်ပြီး ပြန်လည် ထိန်းသိမ်းနိုင်မှုကို အချိန်တိုလေးအတွင်း ပြုလုပ်နိုင်ကြပြီး ရန်သူများကို အရူးလုပ်နိုင်ကြတတ်သည်။ သို့သော် ချင်ကျင်းကဲ့သို့ ငယ်ရွယ်သော စစ်သည်တော်တစ်ယောက်သည် သူ၏ အတွင်းအားကို ကောင်းကောင်း အသုံးချနိုင်သည်မှာ ဖြစ်နိုင်ပါ၏လော....။ မဖြစ်နိုင်လောက်ပေ။ နည်းပြ Rodriguez မှလည်း အဆင့်တစ်ဆယ် အဆင့်ရှိသော စစ်သည်များသည်သာ ထိုသို့သော အတွင်းအား ထိန်းချုပ်နည်းများကို ပြုလုပ်နိုင်သည်ဟု ပြောခဲ့ဖူးသည်။
အဆင့်တစ်ဆယ် စစ်သည်များလား....။ ရူဒီသည် ခေါင်းကို ခါယမ်းလိုက်သည်။ နည်းပြ Rodriguez တောင်မှ စစ်သည် အဆင့် ၅ မျှသာရှိရှိသေးသည်။ ချင်ကျင်းသည် သင်တန်းကျောင်သို့ရောက်နေသည်မှာ တစ်နှစ်ခန့်သာရှိသေး၍ ပါရမီပါသောသူဖြစ်လင့်ကစား နည်းပြကိုတော့ ကျော်နိုင်မည်မဟုတ်ပေ။
“ငါတို့ဆက်ပြိုင်ရအုံးမယ်။ မင်းငါ့ကို နိုင်သွားတာကို ငါမယုံသေးဘူး။ “ နွားရိုင်းကြီးသည် အသက်ကိုပြင်းပြင်းရူနေပြီး သူ၏မျက်လုံးများသည်လည်း သွေးရောင်များသန်းနေသည့်အလာ ပို၍ပို၍ သိသာလာခဲ့သည်။ အကယ်၍ ရူဒီသည် ချင်ကျင်းအား လွှတ်ထားလိုက်ပါက သူ၏ အဆင့်သုံး ခွန်အားအကြီးဆုံးနေရာမှ ဖယ်ခံလိုက်ရတော့မည်ဖြစ်သည်။
“ထပ်ပြီးတော့လား....”

YOU ARE READING
မိုးကောင်းကင်အားချုပ်ကိုင်ခြင်း
Spiritualမိုးကောင်းကင်အားချုပ်ကိုင်ခြင်း pageလေးကိုလည်း Likeလုပ်ပေးကြပါဦးနော်