အခန်း ( ၁၆ ) ပေါ့ပါးလွန်းသည်

134 12 0
                                        

အကယ်၍သာ ချင်ကျင်းသာအနောက်သို့ပြန်လှည့်၍ အခြားအလုပ်သွားရှာခဲ့ပါက ထိုနေရာတွင် အလုပ်လုပ်ဖူးသော Oakland သင်တန်း‌မှကျောင်းသားရှိဦးမည် မဟုတ်ပါ။ သို့သော်လည်း သူသည် အခြားအလုပ်များ ရှာရာတွင်ကံမကောင်းခဲ့ပေ။ ထိုအလုပ်သည် သူ့အတွက် တစ်ခုတည်းသော ရနိုင်သည့်အလုပ်ဖြစ်သည့်အတွက် အလွယ်တကူလက်လွှတ်ခဲ့မည်မဟုတ်ချေ။

"ကျွန်တော်ကသူများတွေနဲ့ မတူပါဘူး။ ကျွန်တော့်ကို အနည်းဆုံးတော့စမ်းလုပ်ခိုင်းကြည့်ပါလား။"

ချင်ကျင်း၏ စကားအားကြားပြီးနောက် ဖရန်ကလင်နှင့်ပန်းပဲဖိုဆိုင်မှ အလုပ်သမားများက စတင်ရယ်မောခဲ့ကြသည်။

သွန်းလုပ်ပြီးခါစ ဓါးများအားစဉ်‌ပေါ်တွင် ထားနေသော အလုပ်သမားတစ်ယောက်သည်

"စစ်သည်တော်လေး ငါတို့အတွက်ဒီလိုစကားမျိုးကြားဖူးတာ ပထမဆုံးအကြိမ်မဟုတ်ဘူး။ Oakland သင်တန်းကျောင်းက ကျောင်းသားအကုန်လုံးနီးပါး ဒီကိုရောက်လာရင် အဲ့လိုပြောကြတယ်။ အနည်းဆုံးတော့ရလဒ်ကတော့ အတူတူပဲဆိုတာကိုတော့ သူတို့အားလုံး သက်သေပြနိုင်ခဲ့ကြပါတယ်။"

"ချီးပဲ ဘယ်လိုတောင်လား။ ဒီကိုလာဖူးတဲ့ကျောင်းသားတွေက ဘယ်လောက်တောင်ပျော့ညံ့ကြတာလဲကွာ"

ချင်ကျင်းသည် သူ၏စိတ်ထဲ‌၌ မကျေမနပ်ပြောခဲ့သည်။

"ဖရန့်ဆစ် မင်းရေသာခိုနေပြန်ပြီလား။"

လူတစ်ယောက်သည် အနောက်ဖက်အခန်းထဲမှလျှောက်လာ၍ အော်ပြောခဲ့သည်။ သူ၏လေသံသည် ဒေါသထွက်နေပုံပေါ်သည်။ သူသည် အရပ်ရှည်ပုံမပေါ်။ သူ၏ ပုံသဏ္ဍာန်မှာ ကြွက်သားအစိုင်အခဲများနှင့် လူပုလေးသဖွယ်ဖြစ်‌နေသည်။ သူ၏လက်ထဲတွင်လည်း ပေါင်တစ်ရာခန့်အလေးချိန်ရှိသော တူတစ်ချောင်းအားကိုင်ထားခဲ့သေးသည်။

"အကိုကြီး ကျွန်တော်အချောင်လိုက်နေတာမဟုတ်ရပါဘူး။"

မိုးကောင်းကင်အားချုပ်ကိုင်ခြင်း Donde viven las historias. Descúbrelo ahora