၅၈

83 9 0
                                    

အခန်း ( ၅၈ )

လနှစ်စင်း၏ မယုံနိုင်စရာ ဓားဆေးနည်း

"ချင်ကျင်း"

ဖာဘရီဒစ်ဘေးတွင်ထိုင်နေသော အမျိုးသမီးမှ ရုတ်တရက် သူ့နာမည်ကိုခေါ်လိုက်သောအခါ အသံမှာ နူးညံ့သိမ်မွေ့လွန်းသဖြင့် ချင်ကျင်းတစ်ယောက် မြူထဲသို့ ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။

"ဟယ်လို။"

ချင်ကျင်းက ဖာဘရီဒစ်အား စုံစမ်းမေးမြန်းလိုသည့်အကြည့်ဖြင့် လှည့်မကြည့်မီ ဖြည်းညှင်းစွာ ခေါင်းညိတ်ပြလိုက်ပြီး ပြောသည်။

"ကျွန်တော် ဒီကို တစ်မနက်လုံး ရောက်နေတာပဲ ဒါပေမဲ့ ကျွန်တော့်ကို သူနဲ့ မိတ်မဆက် ပေးရသေးဘူး။ အခုသူ့ကို ဘယ်လိုပြန်ခေါ်ပြောရမှန်း မသိလို့ ကျွန်တော်ရိုင်းရာကျနေပြီလေ..!"

"အို... ခွင့်လွှတ်ပါ!"

ဖာဘရီဒစ်ပြောလိုက်သည်။

"ဒါက ငါ့သမီး ဂိုမက်စ်ဂျိန်း ပဲ။"

ဂိုမက်စ်ဂျိန်း ?

ထိုနာမည်တွင် မည်သည့် အဓိပ္ပာယ်မှ မရှင်းပြနေသော်လည်း ဖာဘရီဒစ် ဆိုသောအမည်နှင့် ဘာမှမဆိုင်နေသောကြောင့် အံ့ဩသွားခဲ့လေသည်။

"ငါ့သမီးပါ။ သူ့အမေရဲ့ မျိုးရိုးနာမည်ကို ယူပြီး မှည့်ပေးထားတာပါ..။”

ဖာဘရီဒစ်က ပေါ့ပေါ့ပါးပါးပင် ရှင်းပြခဲ့ပြီး သူ၏ ပြောဆိုနေသည့် ပုံစံများအရ “ငါ-နား-မ-လည်-ဘူး” ဟူလူအများပြောလေ့ရှိကြသည့် အခြေအနေများနှင့် နေသားကျနေပြီဖြစ်ကြောင်း ထင်ရှားပါသည်။

ဂိုမက်စ်ဂျိန်းသည် ဖြည်းညှင်းစွာထလိုက်ကာ ခါတိုင်းကဲ့သို့ ပျင်းရိနေသော်လည်း ပြေပြစ်သောခံစားချက်များဖြင့် ချင်ကျင်းဆီသို့ လျှောက်သွားသည်မှာ လမ်းလျှောက်သည်ဆိုခြင်းထက် လွင့်မျောလာနေသယောင် ရှိနေသည်။

မိုးကောင်းကင်အားချုပ်ကိုင်ခြင်း Where stories live. Discover now