၈၀

76 8 0
                                    

အခန်း ( ၈၀ )

သင်တန်သားကို လုနေကြသော ဆရာများ

“ကောင်းတယ်! ဒါ အရမ်းကောင်းတယ်!”

သက်လတ်ပိုင်း အမျိုးသမီးသည် ချင်ကျင်း၏ ပုခုံးကိုကိုင်၍ လှုပ်ခါလိုက်သည်။

"ကံကောင်းလိုက်တာ! ဝိဇ္ဇာဆေးဆရာများအတွက် တော်တော်အရေးကြီးတဲ့ ဟာပဲ။ မင်းမှာ ဝိဇ္ဇာဆေးဆရာ တစ်ယောက်ဖြစ်ဖို့ အရည်အချင်းကောင်းတွေ ရှိနေတယ်လို့ ငါပြောနိုင်တယ်။ ငါဆုံးဖြတ်ပြီးပြီ။ ငါ မင်းကို သင်တန်းသားအဖြစ် ခေါ်ထားမယ်။"

ချင်ကျင်းသည် ဤလူလတ်ပိုင်းအမျိုးသမီးကို မျက်လုံးပြူးကျယ်ကျယ်ဖြင့် စိုက်ကြည့်နေခဲ့သည်။

"ဝိဇ္ဇာဆေးဆရာ တစ်ယောက်ဖြစ်လာမယ်? ဒါက... ငါသာ လူသားနဲ့ နတ်ဆိုး ရှေ့တန်းစစ်မျက်နှာကိုသွားပြီး နတ်ဆိုးတွေကို တိုက်ခိုက်ဖို့ အမိန့်ပေးခံရမယ်ဆိုရင် သွားဖို့ကို မျက်တောင်တောင်မခတ်ပဲ တွန့်ဆုတ်နေမှာမဟုတ်ဘူး...။ လူနဲ့ နတ်ဆိုး ရှေ့တန်းစစ်မျက်နှာ ကိုထားလိုက်အုံး ငါ့ဓားကိုကိုင်ခိုင်းပြီး လက်ရှိနန်းတက်နေတဲ့ နတ်ဆိုးဘုရင်ကို လုပ်ကြံရမယ်ဆိုပြီးခိုင်းရင်လည်း ငါမကြောက်ဘူး။ စစ်မြေပြင်မှာ သေသွားတဲ့ စစ်သည်တော် တစ်ယောက်ဆိုတာ ဂုဏ်ယူစရာ ကောင်းတယ်...။ ဒါပေမယ့် ဒီဝိဇ္ဇာဆေးဆရာရဲ့ ဓာတ်ခွဲခန်းမှာပေါက်ကွဲပြီး ငါသေသွားရင်တော့ စိတ်ဓာတ်တောင်ကျနိုင်တော့မယ် မထင်ဘူး…”

“ကျွန်တော်က ဘလိတ်ရဲ့ အလုပ်သင်ပါ…”

"မင်းမှာ ဆရာနှစ်ယောက်ရှိတာ ငါစိတ်မ၀င်စားဘူး"

“ဒါပေမယ့် ကျွန်တော့်အတွက်တော့ ပြဿနာရှိတယ်…”

"အဆင်ပြေပါတယ်။ ငါဘလိတ်နဲ့ သွားပြီးတော့ စကားပြောလိုက်ပါမယ်။"

“ကျွန်တော်ပြောချင်တာက ကျွန်တော် ဝိဇ္ဇာဆေးဆရာ မဖြစ်ချင်ဘူး။ ကျွန်တော့်ရဲ့ ရည်မှန်းချက်က ကြီးမြတ်တဲ့ စစ်သည်တော်တစ်ယောက်၊ ပန်းပဲဆရာတစ်ယောက်နဲ့ ဆေးဝါးပညာရှင်(သမားတော်) တစ်ယောက် ဖြစ်လာဖို့ပဲ။ အဲ.... ဝိဇ္ဇာဆေးပညာရှင်တစ်ယောက် ဖြစ်လာဖို့ကတော့ ...အဲ့ဒါကိုတော့ကျွန်တော် မလုပ်ပါရစေနဲ့...”

မိုးကောင်းကင်အားချုပ်ကိုင်ခြင်း Where stories live. Discover now