ပန်းပဲပညာ ကျွမ်းကျင်လာစေရန် တစ်ခုတည်းသော နည်းလမ်းမှာ ပန်းပဲထုခြင်းများများ လေ့ကျင့်ခြင်းပင် ဖြစ်သည်။ အချိန်လည်းယူရသည်။
"အဆင့်နှစ် ပန်းပဲဆရာ?"
ချင်ကျင်းရယ်လိုက်သည်။ အကယ်၍ အဆင့်နှစ်ပန်းပဲဆရာဖြစ်ရန် တစ်ခုတည်းသော လိုအပ်ချက်မှာ အဆင့်နှစ်သံသွန်းခြင်း[အဆင့်နှစ် သန့်စင်ပြီးသံပြုလုပ်ခြင်း] သာဖြစ်လျှင် သူ့အား အဆင့်နှစ်ပန်းပဲသမားဟု သတ်မှတ်နိုင်သည်။ သို့သော်လည်း အဆင့်နှစ်ပန်းပဲဆရာသည် လက်နက်နှင့် ပစ္စည်းများကို သွန်းလုပ်ရန် လိုအပ်ပါက၊ သူသည် ပန်းပဲဆရာအလုပ်သင်များထက်ပင် ပို၍ဆိုးရွားနေလိမ့်မည်။
"ဘာရယ်တာလဲ"
လူးကပ်စ်ပန်းပဲဆိုင်မှ လူနှစ်ဦးသည် မျက်မှောင်ကြုတ်သွားကြသည်။ တံဆိပ်ကိုင်ထားသောသူ၏ ဘေးမှလူသည်လည်း လူးကပ်စ်ပန်းပဲဆိုင်မှ လူဖြစ်သည်။ ချင်ကျင်း၏ ရယ်မောခြင်းသံတွင် လှောင်ပြောင်ခြင်းအဓိပ္ပါယ် ပါ၀င်နေသော်လည်း သူ့ကိုယ်သူ လှောင်ပြောင်ခြင်းမှာ အခြားသူများ၏ စိတ်ထဲတွင် အထင်လွဲစရာဖြစ်နေခဲ့သည်။ လူးကပ်စ်ပန်းပဲဆိုင်မှ လူနှစ်ဦးသည် ချင်ကျင်းက သူတို့အား ရယ်မောနေသည်ဟုထင်နေသည်။
ချင်ကျင်းသည် ဤလူနှစ်ယောက်ထံမှ ဖော်ဖော်ရွေရွေမရှိသော လေသံကို ခံစားလိုက်ရသော်လည်း သူပခုံးတွန့်ပြလိုက်ခဲ့သည်။ တကယ်လည်း သူဂရုမစိုက်ခဲ့ပါ။ ချင်ကျင်းအတွက်တော့၊ သူသည် လူးကပ်စ်၏ ပန်းပဲဆိုင်တွင် အလုပ်မလုပ်နေသောကြောင့် ၎င်းတို့၏ အပြုအမူကို အလေးအနက်ထားရန် မလိုအပ်ပေ။ ၎င်းတို့စိတ်ဆိုးလာလျှင် တိုက်ခိုက်ရန် ဝန်လေးနေမည်မဟုတ်။ သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို သူကိုယ်တိုင်ယုံကြည်မှုရှိခဲ့ပါသည်။ ချင်ကျင်းသည် ထိုလူတို့အား အနိုင်ယူနိုင်မည်ဟု ခံစားရသည်။
"ဖရန်စစ်၊ ဘာတွေဖြစ်နေတာလဲ"
BẠN ĐANG ĐỌC
မိုးကောင်းကင်အားချုပ်ကိုင်ခြင်း
Tâm linhမိုးကောင်းကင်အားချုပ်ကိုင်ခြင်း pageလေးကိုလည်း Likeလုပ်ပေးကြပါဦးနော်