၅၉

81 10 0
                                    

အခန်း( ၅၉ )

သတင်းကောင်းနှင့်သတင်းဆိုး

ဂိုမက်စ်ဂျိန်းသည် လနှစ်စင်းအား ခြံဝင်းထဲ၌ ညင်သာစွာ ဝှေ့ယမ်းနေသည်။ ၎င်းတို့သည် လိပ်ပြာများကဲ့သို့ အပေါ်အောက်ပျံသန်းနေကြသည်။ ထိုအချိန်တွင် ထိုအမျိုးသမီးသည် သူ့ထက် အလွန်သာလွန်ကြောင်း ချင်ကျင်းသိသွားခဲ့သည်။

ခေတ္တကြာပြီးနောက် သူမသည် လနှစ်စင်းအား အင်္ကျီလက်များထဲသို့ ထည့်လိုက်ကာ ချင်ကျင်းထံသွားခဲ့သည်။

သတိမထားမိလိုက်သည့်အချိန်တွင် သူမသည် ခန္ဓာကိုယ်အား အနည်းငယ်ကြွလိုက်၍ သူမ၏နှုတ်ခမ်းနီနီရဲရဲလေးများသည် ချင်ကျင်း၏မျက်နှာပေါ်သို့ရောက်သွားသည်။ ထို့နောက်ညင်သာစွာဖြင့် "ကျေးဇူးတင်ပါတယ်" ဟုပြောခဲ့သည်။

ချင်ကျင်း၏ မျက်နှာသည် နီရဲသွားသည်။ ထိုသို့သော ရုတ်တရတ် အနမ်းမှာ ဘာအတွက်ကြောင့်များလဲ? သူသည် သတိပြန်ကပ်လာသောအခါ သူမက ထွက်သွားပြီးနှင့်နေပြီဖြစ်သည်။ ချင်ကျင်းသည် သူ၏လက်အား ချက်ချင်းမြောက်လိုက်၍ အရှက်ပြေ ခေါင်းကုတ်ပြီး တွေးနေမိသည်။

"ဘာဖြစ်သွားတာလဲ။ ဖာဘရီဒစ် ငါ့ကိုဒီဟာအတွက်ကြောင့်နဲ့ မသတ်ပါစေနဲ့"

ချင်ကျင်းခန်းမသို့ပြန်ရောက်သောအခါ စတင်၍ အလွန်အကျွံ မောပန်းလာပါတော့သည်။ ဖာဘရီဒစ်၏ ရေခွက်အားကိုင်ပြီးနောက် ရေအလွန်ဆာနေသဖြင့် တစ်လုပ်တည်းနှင့် အကုန်သောက်ချခဲ့သည်။

"ချင်ကျင်း ငါမင်းကိုပြောစရာရှိတယ်"

ဖာဘရီဒစ်သည် ရုပ်တည်ဖြင့်ကြည့်လိုက်သည်။

"ကျောင်းကစီစဉ်ပေးမယ့်စစ်သည်တော် အတွင်းအားစုစည်းရေး စီစစ်မှု လေ့ကျင့်ရေးကို မင်းအခွင့်အရေးရလာရင် မသွားမိစေနဲ့။"

"ဘာကြီးလဲ?"

ချင်ကျင်း စိတ်ရှုပ်သွားသည်။

မိုးကောင်းကင်အားချုပ်ကိုင်ခြင်း Where stories live. Discover now