အခန်း ( ၂၈ ) ကျောင်းတွင် အကျော်ကြားဆုံးမိန်းကလေး

108 12 0
                                    



 

 "အို .."

ချင်ကျင်းသည် သူ၏ ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကို အားတင်း၍ ထလိုက်ပြီး သူ့ကိုယ်သူ ထောက်ရန် သံဂေါ်ပြားအား အသုံးပြုခဲ့သည်။ သူ လှည့်ကြည့်လိုက်သောအခါ ဘလိတ်သည် မှေးစက်နေပြီးနေခဲ့ပြီ။ သူ့ခန္ဓာကိုယ်နှင့် ပေါက်တူးတို့အား တံခါးအပြင်သို့ ဆွဲထုတ်ရန်မှတစ်ပါး ရွေးချယ်စရာမရှိခဲ့ပေ။

 ဘမ်း....!

တံခါးခြေကျော်သည် မြင့်လွန်းသဖြင့် ချင်ကျင်းသည် သူဖြစ်နေသော အခြေအနေနှင့် သူ့ခြေထောက်များအား မမြှောက်နိုင်ခဲ့။ ချက်ခြင်းပင် တံခါးအပြင်သို့ မှောက်လျက်ကျသွားခဲ့သည်။

"ဒန်...! ဂွန်....! ဂလန်....!"

ချင်ကျင်းသည် ဂေါ်ပြားအား ချိုင်းထောက်အဖြစ် အသုံးပြုပြီး တိတ်ဆိတ်လှသော ရွာမှ ဖြည်းညှင်းစွာ ထွက်ခွာသွားခဲ့သည်။ အဆုံးမဲ့ကမ္ဘာသို့ ဒုတိယအကြိမ်ရောက်လာခြင်းဖြစ်သော်လည်း ရွာ၏အပြင်အား မြင်ခွင့်မရခဲ့ပါ။

ကောင်းကင်ပြာ ၊ တိမ်ဖြူ ၊ မြက်ခင်းစိမ်း ၊ စိမ်းလန်းသော သစ်ပင်များ ...

ချင်ကျင်းသည် နောက်ထပ် ဘာကိုမှ သတိမမူမိချိန်တွင် အနက်ရောင် အရိပ်တစ်ခုသည် သူ့ထံ အရှိန်ပြင်းပြင်း ပြေးလာသည်ကို တွေ့လိုက်ရသည်။ ဤအရာနှင့် နှိုင်းယှဉ်ပါက လည်ပတ်နေသော ကောင်းကင်ဓါးသွား၏ အမြန်နှုန်းသည် နှေးကွေးစွာ ရွေ့လျားနေသကဲ့သို့ပင်ဖြစ်နေခဲ့သည်။

 "ဒါက ဘာကြီးလဲ ဝံပုလွေ! ခေါင်းသုံးလုံးရှိနေတာလား"

ချင်ကျင်းသည် တုံ့ပြန်ခဲ့ပြီးနောက် သူရင်ဆိုင်နေရသည့်အရာအား မြင်နေသည့်အချိန်မှာပင် ဝံပုလွေသည် သူ့ထံခုန်အုပ်နေပြီဖြစ်သည်။ သူသည် ဂေါ်ပြားမမြှောက်နိုင်ခင်မှာပင် ခေါင်းသုံးလုံးက စတင်တိုက်ခိုက်နေပြီ။ မေးရိုးသုံးခုက သူ၏လည်ချောင်းနဲ့ ပခုံးအား ကိုက်လိုက်သည်...

မိုးကောင်းကင်အားချုပ်ကိုင်ခြင်း Donde viven las historias. Descúbrelo ahora