အခန်း( ၂၁ ) ငါတို့ နှစ်ဆမြှင့်ကြမယ်

102 10 0
                                    

            ကျောင်း၏ တာဝန်ခံများက ဤသို့သော ကိစ္စများကို လျစ်လျူရှုထားကြသည်။ သူတို့သည် ဤသို့ ပုဂ္ဂိုလ်ရေးအရ ပြဿနာဖြေရှင်းခြင်းမှာ ကောင်းသောလုပ်ရပ်တစ်ခုမဟုတ်ဟု ယုံကြည်ထားကြသော်လည်း ထိုသို့တိုက်ခိုက်ကာ ဖြေရှင်းခြင်းမှ ဒဏ်ရာအပြင်းထန်မရခြင်းနဲ့ သေဆုံးမှုများ မဖြစ်သေးသ၍ ကောင်းမွန်သော လေ့ကျင့်ရေးများကို ရနိုင်ပေသည်။

            ချင်ကျင်းသည် မလှမ်းမကမ်းမှ တောင်ကုန်းအားကြည့်လိုက်ကာ တစ်ခုခုထူးဆန်းမှုရှိမရှိ ပတ်ဝန်းကျင်ကို ကြည့်ရှုစစ်ဆေးလိုက်သည်။ အချို့သော နည်းပြများသည် ကျောင်းသားများ၏ ရန်ပွဲများကို အလွန်စိတ်ဝင်စားကြသည် ဟုချင်ကျင်းကြားဖူးသည်။ သူတို့သည် တစ်နေရာရာတွင် ပုန်းနေတတ်ပြီး တိုက်ခိုက်ပွဲများကို အနီးကပ် ရှုစားလေ့ရှိကြသည်။ ထိုနည်းဖြင့် သူတို့သည် မည်သည့် ကျောင်းသားက လေ့ကျင့်မှုများများ လိုအပ်နေကြောင်းကို သိရှိနိုင်ပြီး ပိုမိုတိုးတက်နိုင်ရန်အတွက် မည်သည်ကိုပို၍ အာရုံစိုက်လေ့ကျင့် ရမည်ကိုလဲသိမြင်နိုင်ပေသည်။

            သို့သော် ချင်ကျင်းသည် အချို့နည်းပြများက သူ၏တိုက်ခိုက်ပွဲများအား ပြိုင်ပွဲတစ်ခုကဲ့သို့ အားပေးကြည့်ရှုနေမည်ကို မလိုလားခဲ့ပါ။ အနီးနားတွင် တစ်စုံတစ်ဦးမှ မရှိကြောင်း သေချာသွားသည်နှင့် တောအုပ်ငယ်ထဲသို့ ဝင်သွားလိုက်သည်။ သူသည် လည်ပင်းအား အကြောဖြေသည့် အနေနှင့် အဆစ်ချိုးလှည့်လိုက်သည်။ သူသည် တိုက်ခိုက်သည့်အခါ အမြင့်ဆုံးစွမ်းဆောင်နိုင်စေရန် သေချာ သွေးပူနေစေချင်သည်။

            “အယ်....။ ဒီကျောင်းသားက ဘယ်သူလဲ။ ဒီကောင် သတိကြီးကြီးနဲ့လာနေပါလား...။”

သစ်တော၏ အလယ်ရှိ သစ်ပင်ပေါ်မှ ပိန်သွယ်သွယ် အဖိုးအိုတစ်ယောက်သည် ခုန်ချလိုက်သည်။ သူသည် သစ်ပင်ပေါ်သို့ ကြည့်လိုက်ကာ ပြောလိုက်သည်။

“Rodriguez မင်းဘာလို့သစ်ပင်ပေါ်မှာ ရှိနေသေးတာလဲ...။”

မိုးကောင်းကင်အားချုပ်ကိုင်ခြင်း Donde viven las historias. Descúbrelo ahora