၄၇

82 9 0
                                    

အခန်း ( ၄၇ )

ကျွမ်းကျင်မှုအဆင့်ကို အဆုံးထိမြှင့်တင်ခြင်း [ဓါးသွေးခြင်း]

ဂျူးလိယက်၏ ခန္ဓာကိုယ်သည်အေးခဲနေသော်လည်း သူမ၏အတွေးများမှာ မအေးခဲသေးပေ။ သူမသည် ဂဘရီရယ်လာမှ တီးတိုးပြောလိုက်သံကို ကြားလိုက်ရသဖြင့် ငြိမ်သက်သွားကာ ဂဘရီရယ်လာမှ မည်သည်ကို ပြုလုပ်နေသည်ကို မြင်လိုက်ရလေသည်။

သစ်သားဇလုံထဲမှ ရေတို့သည် လည်ပတ်ပြီး စီးဆင်းနေကြလေသည်။ ရေထဲရှိအဝတ်များသည် လည်း တစ်စုံတစ်ဦးမှ အဝတ်လျှော်နေသကဲ့သို့ လည်ပတ်နေကြလေသည်။ သို့သော် ဂလိုရီရာသည် ရေတွင်း၏ ဘောင်ပေါ်တွင် ထိုင်နေကာ တရားမှတ်နေခဲ့သည်။ ဟုတ်ပေသည်။ သူမသည် တရားထိုင်နေရင်း မှော်ပညာကို သုံးနိုင်နေခြင်းပင်ဖြစ်သည်။ ဉာဏ်ကြီး ရှင်လော? မဟုတ်ပေ! သူမသည် ဒဏ္ဍာရီထဲတွင်သာ တွေ့ရသည့် အလွန်သာလွန်သော ဉာဏ်ကြီးရှင်ပင်ဖြစ်ပေလိမ့်မည်။ သွေးဆက်စွမ်းအင်ပါသော မှော်ဆရာများသာ ထိုကဲ့သို့ လုပ်နိုင်ကြမည်ဖြစ်သည်။

မှော်ပညာ..။ လူသစ်သင်တန်းကျောင်းများမှ မှော်ပညာကျောင်းသားများတွင် ကိုယ်တိုင် ဂါထာမန်းမှုတ်နိုင် စွမ်းမရှိကြချေ။ ရိုးရှင်းလှသော ဂါထာတစ်ခုဖြစ်နေပါစေ ထိုဂါထာကို ပြုလုပ်ရန် ကျောင်းသားတစ်ဒါဇင်ခန့် ပူးပေါင်းကာ မှော်အခင်းအကျင်းများကို ပြင်ဆင်ပြီးမှသာ ထုတ်သုံးကြရသည်။ သို့သော် ယခုအချိန်တွင် ဂလိုရီရာ ဟုခေါ်ဆိုရမည့် ဂဘရီရယ်လာသည် ထိုသို့သော ဂါထာများကို အေးဆေးပင် ထုတ်သုံးနေခြင်းဖြစ်သည်။

“ဂလိုရီရာလား? သူ့နာမည်က ဂဘရီရယ်လာဟုတ်ဘူးလား?”

ဂျူးလိယက်သည် တရားမှတ်နေသော ဂဘရီရယ်လာကို စိုက်ကြည့်နေပြီး သူမ၏ အတွေးများထဲတွင် ကြောက်ရွံ့နေမှုများလည်း ဖြစ်ပေါ်လာတော့သည်။

“ဒီကောင်မက ဘာလဲ။ ငါဘာလို့သူ့ကို တော်တော်ကြောက်နေတာလဲ။ ဒီခံစားချက်က ငါဒဏ္ဍာရီလာ နတ်ဆိုးကြီး နဲ့ရင်ဆိုင်နေရသလိုပဲ..”

မိုးကောင်းကင်အားချုပ်ကိုင်ခြင်း Donde viven las historias. Descúbrelo ahora