၅၅

83 11 0
                                    

အခန်း ( ၅၅ )

[လျင်မြန်ပြင်းထန်သောခုတ်ချက်]

[အဆင့်၅ သန့်စင်ပြီးသံ] ၏ အပိုင်းကိုးပိုင်းသည် သံဘူးပေါ်တွင် ငြိမ်သက်နေကြပြီး နေရောင်အောက်တွင် တောက်ပစွာ လင်းလက်နေလေသည်။ ဤသန့်စင်ပြီးသော သံများသည် တစ်နေ့တာလုံးသံသွန်းလုပ်ရန်အတွက် လုံလောက်နေပြီဖြစ်သည်။

ချင်ကျင်း သည် ပန်းပဲဆိုင်အပြင်ဘက်သို့ ထွက်သွားသည်။ Oakland ၏မြောက်ဘက်တွင်ရှိနေသော ဖာဘရီဒစ်၏ နေရာကိုရှာဖွေရန်မခက်ခဲပါ။ အလွန်ကြီးကျယ်ခမ်းနားသည်မဟုတ်သော်လည်း အတန်သင့် ကျယ်ဝန်းသော သစ်သားအိမ်ကြီးသည် နက်နဲပြီး တိတ်ဆိတ်ငြိမ်သက်နေသော Oakland ၏ နံပါတ်တစ်စစ်သည်တော် နေထိုင်သည့်နေရာဖြစ်ပေသည်။

ယခုတွင် ဖြတ်သန်းသွားသော ခရီးသည်များ ရှိနေပြီး ထိုအဆောက်အအုံကို မည်သူမျှ ဂရုမစိုက်ခဲ့ကြပေ။ မြို့အား စောင့်ရှောက်သူသည် ခမ်းနားလှပသော အိမ်တော်တွင် မနေထိုင်ပဲ သာမန်အိမ်လေးတွင်သာ နေထိုင်လိမ့်မည်ဟု မည်သူထင်မိမည်နည်း။

ချင်ကျင်းသည် တံခါးအပြင်ဘက်တွင် ချိတ်ဆွဲထားသော ခေါင်းလောင်းကို လှုပ်ခါလိုက်သောအခါ ပြတ်သားသော အသံသည် အဝေးဆီသို့ လွင့်ပျံသွားသည်။ တံခါးကို ဖြည်းညှင်းစွာဖွင့်ပြီး သိပ်မကြာခင်မှာပဲ အသက် ၂၃ နှစ်အရွယ်ခန့် မိန်းမချောလေးတစ်ဦး ထွက်လာခဲ့သည်။

အမျိုးသမီးသည် ထိုနေရာတွင် ရပ်နေသောချိန်တွင် သူမ၏ ဖြူဖွေးသော အသားအရည်သည် ချင်ကျင်းကို အေးမြပြီး လန်းဆန်းသွားစေသည်။ သူမသည် သူမ၏သွယ်လျသော လည်ပင်းကို ထင်ရှားစွာပေါ်လွင်နေစေသော အဖြူရောင် ရင်ဟိုက်ဂါဝန်အင်္ကျီကို ၀တ်ဆင်ထားလေသည်။ သူမ၏ ရွှေရောင်ဆံပင်ကို စည်းထားပြီး ဆံပင်သည် အရောင်ဖျော့သောကြောင့် အဖြူရောင်ကဲ့သို့ ထင်ရစေသည်။ ထိုအမျိုးသမီးသည် အလွန်ဖြူလွန်းလှသဖြင့် သူမသည် တရုတ်ရိုးရာပန်းချီကားမှ ထွက်သွားသူဟု ချင်ကျင်း တွေးနေခဲ့သည်။

မိုးကောင်းကင်အားချုပ်ကိုင်ခြင်း Where stories live. Discover now