သို့သော်လည်း ချင်ကျင်း သည်ယခုည တိုက်ခိုက်ပွဲအား စတင်လိုက်ပါက လေ့လာရေးနေရာအတွက် ယှဉ်ပြိုင်ခြင်း၌ တရားဝင် ပါဝင်ရတော့မည်ဖြစ်သည်။ အခြားသောကျောင်းသားများက သူ့အားအတင်းအကြပ် တိုက်ခိုက်ခိုင်း၍သာ တိုက်ခဲ့ရခြင်းဖြစ်သည်ကို ဂရုစိုက်ကြမည်မဟုတ်။ ချင်ကျင်းသည် လေ့လာခြင်းနေရာ အတွက် ယှဉ်ပြိုင်ရသော တိုက်ပွဲများအတွင်း ပါဝင်လိုက်သည်နှင့် သူသည် အခြားသူများ၏ စိန်ခေါ်မှုများကို ရှောင်နိုင်ရန် အခွင့်လမ်းမရှိဖြစ်ပေတော့မည်။
“ငါတို့မတိုက်ခိုက်လို့ မရဘူးလား။”
“အဲ့ဒါဆို မင်းရဲ့ ကတ်ပြားပေးလိုက်လေ။”
လည်ပတ်နေသော ကောင်းကင်ဓားသွားသည် ချင်ကျင်း၏ လက်ထဲရှိ ကတ်ပြားကို မေးဖြင့် လှမ်းညွှန်လိုက်ကာ ပြောလိုက်သည်။
“ချင်ကျင်းက အဆင့်တစ်ဆယ်ပဲ ရှိနေပေမဲ့ သူက တိုက်ခိုက်ရေးစွမ်းရည်မှာ အဆင့်ကိုးနဲ့ ရှစ်ကိုတောင် အနိုင်ယူနိုင်တယ်”
ကောင်းကင်ဓားသွားသည် ထိုသို့ပြောဆိုနေကြသည်ကို လွန်ခဲ့သော ရက်များတည်းက ကြားနေခဲ့သည်။ သူသည် အစကတော့ ထိုစကားများကိုကြားကာ ဟာသတစ်ခုအဖြစ်သာ တွေးနေခဲ့သည်။ ဒုတိယအကြိမ်တွင်လည်း ထိုနည်းတူပင်ဖြစ်သည်။ သို့သော် ကြားရဖန်များလာခဲ့သောအခါ သူသည် ထိုအကြောင်းရာကို ပေါ့ပေါ့တန်တန် သဘောမထားတော့ပေ။
တိုက်ခိုက်စွမ်းရည်တွင် အဆင့်ရှစ်နေရာ၌ ရပ်တည်နေသော်လည်း အခြားသူများက အဆင့်တစ်ဆယ် ထက်ပင် အားနည်းသည်ဟု ထင်နေကြသည်။ ချင်ကျင်းသည်လည်း ထိုအကြောင်းအရာကို မရှင်းပြရုံသာမက သူသည် အားနည်းသူတစ်ယောက်ဖြစ်ကြောင်း အခြားသူများကို ပြောပြလေ့မရှိသောကြောင့် ထိုကောလဟာလများသည် အမှန်ကဲ့သို့ထင်ရစေသည်။
လည်ပတ်နေသော ကောင်းကင်ဓားသွားသည် မည်မျှပင် စိတ်အေးအေးထားနေစေကာမူ ချင်ကျင်းကိုတော့ ဒေါသထွက်နေသေးသည်။ ယခုဆိုလျှင် ကောင်းကင်ဓားသွားအား ပိုက်ဆံပေးကာ ချင်းကျင်းကို ဆုံးမခိုင်းနေပြီ ဖြစ်သဖြင့် ငြင်းပယ်ရန်အကြောင်းမရှိတော့ပေ။ ထိုနည်းတူ ချင်ကျင်းသည်လည်း ဤတိုက်ပွဲကို ငြင်းပယ်၍ မရတော့ပါ။ ထို့ကြောင့် လည်ပတ်နေသော ကောင်းကင်ဓားသွားသည် ကတ်ပြားကို အခမဲ့ပင် ရနိုင်ပေသည်။

ESTÁS LEYENDO
မိုးကောင်းကင်အားချုပ်ကိုင်ခြင်း
Espiritualမိုးကောင်းကင်အားချုပ်ကိုင်ခြင်း pageလေးကိုလည်း Likeလုပ်ပေးကြပါဦးနော်