အခန်း ( ၃၇ ) အတုယောင် သံသွန်းခြင်း

107 9 0
                                    


မီးရောင်နှင့် နေရောင်အောက်တွင်လူးကက်စ်၏လက်ထဲ၌ သန့်စင်သောသံသည် တောက်ပနေလေသည်။ ၎င်းသည် သန့်စင်ပြီးသံ၏ အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်သော်လည်း ဓါးများကဲ့သို့ ချွန်ထက်နေသော စူးရှစေသည့် ခံစားမှုမျိုးရရှိနေစေသည်။

ထိုအပိုင်းစလေးမှ လေးလံနေမှုကို ခံစားလိုက်ရ၍ သူ၏မျက်နှာကို မှေးမှိန်သွားစေသည်။ သူ့လက်ထဲမှ သတ္တုပိုင်းလေးအား အနီးကပ်ကြည့်ရင်း မသိစိတ်မှ ညီးတွားလိုက်မိသည်။

“ဒါက! ဒါက.... ဒါ အဆင့် ၅ သန့်စင်ပြီးသံ များလား။”

သူသည် အရမ်းအံ့သြသွားခဲ့သည်။

“အဆင့်၅ သန့်စင်ပြီးသံ! ဒီလူငယ်လေးက အဆင့် ၅ သန့်စင်ပြီးသံ အပိုင်းအစကို နှစ်နာရီအတွင်း ပြုလုပ်ခဲ့တာလား။ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။  အဆင့်၅ သန့်စင်ပြီးသံ အပိုင်းအစက အဆင့်၂သန့်စင်ပြီးသံ နှစ်ပိုင်းထက်ကိုတောင် အများကြီး ပိုပြီးတန်ဖိုးကြီးတယ်..! ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ?"

လူးကက်စ် တွေးလိုက်သည်။

ပထမဆုံးအကြိမ်ကြည့်သောကြောင့် မျက်လုံးများအမြင်မှားခြင်းဖြစ်မည်ဟု ထင်နေသဖြင့် သူသည် ပို၍အာရုံစိုက်ကာ ကြည့်လိုက်လေသည်။

"Oakland ကျောင်းက ကျောင်းသားတစ်ဦးက သတ္တုတွေကို တူနှစ်ချောင်းနဲ့ ထုရိုက်ပြီးအဆင့်၅သန့်စင်ပြီးသံ အပိုင်းစ လုပ်နိုင်ခဲ့ပြီပဲ! ငါ့ရဲ့ပြောင်မြောက်လှတဲ့လက်ရာထက် တော်တော်ကိုသာလွန်တဲ့ အဖိုးတန်ပစ္စည်းပဲ...!”

လူးကက်စ်သည် ထိုအကြောင်းကို တွေးတောရင်း မူးမေ့လုနီးနီး ခံစားလိုက်ရသည်။

"ငါ အခု ဘယ်လိုကမ္ဘာမျိုးမှာနေနေတာလဲ။ အဆင့်နှစ် သန့်စင်ပြီးသံကို ပြုလုပ်နိုင်စွမ်းက အခုချင်ကျင်းအသက်အရွယ်နှင့်ဆိုရင် ဆန်းကြယ်မှုတစ်ခုလို့ ယူဆလို့ရတယ်။ အဆင့်၅ သန့်စင်ပြီးသံကို ဖန်တီးနိုင်စွမ်းကတော့? ငါ့ဘဝကို ဘာအောင်မြင်မှုမှ မရှိစေဘဲ ကုန်ဆုံးနေခဲ့တာများလား..။"

မိုးကောင်းကင်အားချုပ်ကိုင်ခြင်း Where stories live. Discover now