၄၉

91 9 0
                                    

အခန်း ( ၄၉ )

စစ်သည်တော် လက်နက်များ

 တစ်နာရီ… နှစ်နာရီ… သုံးနာရီ...

ချင်ကျင်း သည် ပထမဆုံးအချက်၌ သူ၏ ထုရိုက်ချက်များ အားကောင်းစေရန် [သံသွန်းသက်ရှူခြင်း ပညာ] ကို အသုံးပြုနေသော်လည်း သုံးနာရီကြာပြီးနောက်တွင် သူ့ခန္ဓာကိုယ်သည် အသက်ရှူသွင်းလိုက်သည့်အခါ အပူစွမ်းအင်ကို မကိုင်တွယ်နိုင်တော့ဘဲ လက်မောင်းများလည်း ပြင်းထန်စွာ နာကျင်လာခဲ့သည်။ ထို့ကြောင့် သူ၏ခန္ဓာကိုယ်ကို အားဖြည့်ကာ ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် သူ၏စစ်သည်တော် အတွင်းအားကို အသုံးပြုလိုက်သည်။

နောက်ထပ် သုံးနာရီကြာပြီးနောက်တွင် ချင်ကျင်း ၏ စစ်သည်တော် အတွင်းအားနှင့် ခွန်အား အများစုမှာ ကုန်ခမ်းသွားခဲ့သည်။ သူ၏လက်မှခွန်အားများကို မသုံးတော့သောကြောင့် ထုရိုက်လိုက်တိုင်း တွင် စစ်သည်တော်အတွင်းအား ဆယ်ဆထက်မနည်း ကုန်ဆုံးနေခဲ့သည်။

သို့သော် အသက်အမြန်ရှုလိုက်ပြီးနောက်တွင် သူ၏စစ်သည်တော်အတွင်အား ကုန်သွားသော်လည်း သူ၏ [သံသွန်းသက်ရှူခြင်း ပညာ] ကို ထပ်မံအသုံးပြုနိုင်နေသည်။

 “သင်၏ သံသွန်းပညာ တိုးတက်လာသည်…”

 "သင်၏ [သံသွန်းသက်ရှူခြင်း ပညာ] ရဲ့ ကျွမ်းကျင်မှု တိုးတက်လာသည်…"

“သင်၏ သံသွန်းပညာ တိုးတက်လာသည်…”

“သင်၏ [သံသွန်းသက်ရှူခြင်း ပညာ] အဆင့်တက်လာသည်…”

ငြီးငွေ့စရာကောင်းလှသော လေ့ကျင့်မှုလုပ်နေစဉ်အတွင်း မှော်စနစ်၏အသံသည် တစ်ခါတစ်ခါ ပေါ်လာကာ ဖြစ်ပျက်နေသည့်အရာများကို ချင်ကျင်းထံ အသိပေးနေခဲ့သည်။ သို့သော် ချင်ကျင်းသည် သံသွန်းလေ့ကျင့်မှုတွင် အာရုံစိုက်ထားသောကြောင့် အသိပေးချက်များကိုပင် သတိမပြုမိပေ။

မိုးကောင်းကင်အားချုပ်ကိုင်ခြင်း Tahanan ng mga kuwento. Tumuklas ngayon