အခန်း ( ၆၃ )
ရေပြင်ညီ ခုတ်ဖြတ်ခြင်း
“ခဏနေအုံး…”
ဘလိတ်သည် ထွက်သွားတော့မည့် ချင်ကျင်းကို ရပ်ခိုင်းလိုက်ပြီး ကြွေပုလင်းလေးလုံးကို သူ့ဆီ ပစ်ပေးလိုက်ပြီး ပြောလိုက်လေသည်။
“အနီရောင်တွေက အနာတွေကုသပေးစေတဲ့ ဆေးရည်တွေ ဖြည့်ထားပြီးတော့ အပြာရောင်တွေက မင်းရဲ့ စစ်သည်တော် အတွင်းအားတွေကို မြန်မြန်ပြန်ရနိုင်အောင် ကူညီပေးနိုင်တယ်။ သားရဲတွေကို ရှင်းပြီးရင် သူတို့ရဲ့ အမွေးတွေကို ဆုတ်ပြီး ဒီဆေးရည်တွေကို ပြန်ဝယ်ဖို့အတွက် ရွာမှာရှိတဲ့ အပ်ချုပ်ဆိုင်မှာ သွားပြန်ရောင်းလို့ရတယ်...”
"ကျွန်တော့်ကို စစ်သည်တော်အတွင်းအားတွေ ပြန်ရအောင် ကူညီပေးနိုင်တဲ့ဆေး?" ချင်ကျင်း သည် အနာတရများကိုကုပေးစေသော ဆေးပုလင်းနှစ်ခုအား ခါးတွင်ဆွဲထားသော သားရေအိတ်ထဲသို့ ထည့်လိုက်ပြီး ပူနွေးနေသော လက်ဖဝါးပေါ်ရှိ အပြာရောင်ဆေးရည် ပုလင်းနှစ်ပုလင်းကို ပဟေဠိဆန်ဆန် အံ့သြတကြီး ကြည့်နေခဲ့သည်။
စစ်သည်များ၏ စွမ်းအင်ပြန်လည်ရရှိရန် ကူညီပေးသည့် ဆေးဝါးများအကြောင်း ချင်မိသားစုမှ သွေးဆက်စစ်သည်များအပါအဝင် မည်သည့်မိသားစုမှ မှတ်တမ်းမထားရှိပါ။ အမြန်ဆုံး စစ်သည်စွမ်းအင်နှင့် စွမ်းအားပြန်လည်ရရှိရန် တစ်ခုတည်းသောနည်းလမ်းမှာ အစွမ်းထက်သော စွမ်းအင်ကျောက်တုံးများစွာဖြင့် စစ်သည်တော် အတွင်းအား အခင်းကျင်းကို ဖွဲ့စည်းခြင်းသာဖြစ်သည်။
“စစ်သည်အတွင်းအားကို ပြန်ပြည့်နိုင်တဲ့ ဆေးရည်တွေက တကယ်ရှိတယ်လား"
ချင်ကျင်းသည် ကျန်းမားတာအိုဓားအား သူ့လက်ထဲတွင် ကိုင်ထားရင်း လမ်းလျှောက်လျက် စဉ်းစားနေခဲ့သည်။ ထို့နောက် လမ်းဘေးရှိ ဆေးဆိုင်ငယ်တစ်ဆိုင်ကို လှမ်းကြည့်လိုက်သည်။ အကယ်၍ ဤဆေးရည်သည် စစ်သည်စွမ်းအင်များ ပြန်လည်ရရှိရန် အမှန်တကယ်လုပ်ဆောင်ပေးနိုင်မည်ဆိုလျှင် သူသည် ၎င်း၏ထုတ်လုပ်မှုနည်းလမ်းကို ကျွမ်းကျင်လာအောင်လေ့လာရန် စိတ်လောနေပေလိမ့်မည်။
ESTÁS LEYENDO
မိုးကောင်းကင်အားချုပ်ကိုင်ခြင်း
Espiritualမိုးကောင်းကင်အားချုပ်ကိုင်ခြင်း pageလေးကိုလည်း Likeလုပ်ပေးကြပါဦးနော်