အခန်း ( ၇၄ )
ငွေလရောင်အောက်ရှိ သူရာ
"ဟင်?"
ချင်ကျင်းသည် အပေါ်သို့မော့ကာ အရက်မူးနေဟန်ဆောင်နေသည့် ရဲရင့်သော စစ်သည်သုံးဦးကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ခုတ်ချက်ကို ရှောင်ရှားရန် ခေါင်းကို ရွှေ့လိုက်သည်။ တစ်ချိန်တည်းမှာပင် တိုက်ခိုက်သူ တစ်ဦး၏အင်္ကျီလက်ရှည်အောက်မှ သေစေလောက်သော မြှားတစ်စင်း ထွက်လာခဲ့သည်။ ၎င်းကို ထိတ်လန့်ဖွယ်ရာ အကွာအဝေးတစ်ခုမှ ပစ်လိုက်ခြင်း ဖြစ်ပေသည်။ ချင်ကျင်း သည် မြှားကို ရှောင်လိုက်သော်လည်း ထိုလျှို့ဝှက်လက်နက်သည် ချင်ကျင်း၏ ဆံပင်များတစ်လျှောက် ပွတ်တိုက်လုနီးပါးဖြတ်သွားခဲ့သည်။
လှည့်ကွက် နှစ်ခုစလုံးသည် ပစ်မှတ်ကို လွဲချော်သွားပြီး စစ်သည်တော် သုံးဦးသည်လည်း ထိတ်လန့်တုန်လှုပ်သွားကြတော့သည်။ စစ်သည်ကျောင်းသားတစ်ဦးသည် ဤသို့တမင်တကာ ဖန်တီးထားသော ထောင်ချောက်များကို မည်သို့ အောင်မြင်စွာ လွတ်မြောက်နိုင်ခဲ့သနည်း။ ထို့ထက်မက သူ့တွင်ရှိနေသော စစ်သည်တော် အတွင်းအားသည် အလွန်ပြင်းထန်သောကြောင့် အဆင့် ၈ သို့မဟုတ် ၉ ဖြစ်ပုံရသည်။
"ဘာလို့လဲ..? ဘာလို့ ငါ့ကိုသတ်ချင်နေကြတာလဲ"
ထိုအဖြစ်ပျက်ကြောင့် ချင်ကျင်းသည် လုံးဝ ထိတ်လန့်သွားခဲ့သော်လည်း သူ့ခန္ဓာကိုယ်ကမူ ဘယ်တော့မှ ရပ်တန့်မသွားခဲ့ပါ။ သူ၏ ဘယ်ခြေသည် ပြင်းထန်စွာ ရွေ့လျားနေပြီး သူ၏ ဖိနပ်များသည် မြေပြင်နှင့် ပွတ်တိုက်ကာ ကြွက်တစ်ကောင်မှ မသေမီတွင် “တကျွီကျွီ” အော်နေသကဲ့သို့ အသံကို ထွက်သွားစေသည်။ ထို့နောက် သူသည် အနောက်မှလာနေသော တိုက်ခိုက်သူတို့၏ ဓါးချက်ကို ခပ်ပြင်းပြင်း ကာကွယ်လိုက်သည်။
တတိယစစ်သည်တော်သည် မျက်ခုံးပင့်လိုက်သည်။ ဒီကလေး သေရမှာ မကြောက်ဘူးလား။ တကယ့်အန္တရာယ်ကြုံလာသည့်အခါ လူများသည် ကြောက်ရွံ့နေတတ်သည့် ဗီဇကို ပြသတတ်ကြသည်။ ထူးကဲသော သတ္တုတန်ဆာ အရည်အသွေးများ ဝတ်ဆင်ထားသည့် စစ်သည်ကောလိပ် ကျောင်းသားများအတွက် ပင်လျှင် ထိုသို့သောဖိအားများက သူတို့ကို တကယ့်အသက်ရှင်ခြင်းနှင့် သေခြင်းအဆင့်ကို မခံစားရစေပဲ အကြပ်တွေ့စေလေ့ရှိသည်။ ထို့ကြောင့် အဆင့် ၆ စစ်သည်တော်သည် တစ်ခါတစ်ရံ အဆင့် ၄ အား ရှုံးနိမ့်ခြင်းသည် ကြီးကြီးမားမားကိစ္စမဟုတ်ပေ။
YOU ARE READING
မိုးကောင်းကင်အားချုပ်ကိုင်ခြင်း
Spiritualမိုးကောင်းကင်အားချုပ်ကိုင်ခြင်း pageလေးကိုလည်း Likeလုပ်ပေးကြပါဦးနော်