အခန်း ( ၅ ) : ဂါဘရီရယ်လာ

139 17 0
                                    

ချင်ကျင်းသည် သူ့၏သစ်သားရေပုံးအားယူ၍ မှော်သင်တန်းသူလေးအား နေရာပေးခဲ့သည်။

မှော်သင်တန်းသူမိန်းကလေးသည် သူမ၏ခါးကို ၉၀ ဒီဂရီခန့်ကုန်းချလိုက်ပြီးနောက် ကျေးဇူးတင်စကားပြောပြီး ရေတွင်းဆီသို့ပြေးသွားခဲ့သည်။ ထိုမြင်ကွင်းသည် အနည်းငယ် ကို့ရို့ကားယားနိုင်နေသည်။

ချင်ကျင်းသည် ခေါင်းလှည့်၍ မိန်းကလေးအားကြည့်နေခဲ့သည်။ သူသည် ထိုမိန်းကလေးတစ်ခုခုနှင့်တိုက်မိမည်ကို စိုးရိမ်သွားသည်။ သူမပြေးနေသောအရှိန်နှင့်သာ လဲကျပါက ရေတွင်းထဲသို့ကျသွားနိုင်ပြီး ဒဏ်ရာဆိုးဆိုးရွားရွားရသွားနိုင်သည်။

သို့သော် ချင်ကျင်းစိုးရိမ်ခဲ့သည်အတိုင်း ဖြစ်မလာခဲ့ပါ။ မှော်သင်တန်းသူ မိန်းကလေးသည် ကြိုးချည်ထားသောရေပုံးအား ရေတွင်းထဲသို့ပစ်ချခဲ့သည်။

"ဘမ်း.." ရေပုံးသည် ရေပြင်နဲ့တိုက်မိသွားသည်။

"ပလုံ....." ရေပုံးသည် ရေထဲသို့နစ်သွားသည့်အသံ ထွက်ပေါ်လာသည်။

ထို့နောက် မှော်ပညာအတတ်သင်ဟာ ရေပုံးအားဆွဲတင်ရန်လုပ်ခဲ့သော် သူမဟာသန်မာပုံ‌မပေါ်ခဲ့ပေ။ မှော်ဆရာတစ်ယောက်အတွက် ကိုယ်ကာယကြုံခိုင်မှုရှိခြင်းသည် အလွန်ရှားပါးဖြစ်စဉ်ဖြစ်သည်။

မိန်းကလေးသည် ကြိုးစား၍ဆွဲတင်သော်လည်း စက်သီးတစ်ပတ်စာ ရေတွင်ပေါ်ရုံမျှသာ ဆွဲတင်နိုင်ခဲ့သည်။

ချင်ကျင်းသည် လက်ပိုက်မကြည့်နေနိုင်တော့ပေ။ စစ်သည်တစ်ယောက်အနေနှင့် သူဟာ သူမအတွက် ခက်ခဲနေသည်ကို စိတ်ပူ‌နေခဲ့မိသည်။ စိုးရိမ်မှုကိုဖျောက်ပစ်နိုင်ရန် သူဟာ မှော်ပညာသင်တန်းသူလေး ဘေးနာသို့သွားခဲ့ပြီး သစ်သားစက်သီးအားကိုင်၍ ရေပုံးအားဆွဲတင်ခဲ့သည်။

မှော်သင်တန်းသူဟာ ချင်ကျင်း၏လုပ်ရပ်ကြောင့် အံ့ဩနေခဲ့ပါသည်။ သူမဟာ ချင်ကျင်းအား အံ့ဩမင်သက်စွာ ငေးကြည့်နေခဲ့သည်။

"မင်းကမှော်ဆရာတစ်ယောက်လည်းဟုတ်တယ် မိန်းကလေးတစ်ယောက်လည်းဟုတ်တယ်။ မင်းအတွက်တော့ ဒီလိုခွန်အားလိုတဲ့ အလုပ်မျိုးတွေလုပ်ရတာ ခက်ခဲမှာပဲ။"

မိုးကောင်းကင်အားချုပ်ကိုင်ခြင်း Hikayelerin yaşadığı yer. Şimdi keşfedin