အခန်း ( ၄၂ )
လက်ရည်စမ်းပွဲ ကိုတက်ရောက်ခြင်း။
ဖရန်ကလင် ပန်းပဲဆိုင်တွင် မိုးကုတ်စက်ဝိုင်းထဲသို့ နေဝင်သွားသည်အထိ အလုပ်လုပ်ပြီးသည့်အခါ ညနေစာ အချိန်သို့ရောက်ရှိလာခဲ့ပြီဖြစ်လေသည်။ ထိုအချိန်ထိတိုင်အောင် ချင်ကျင်းသည် အားလုံးအတွက် လိုအပ်နေသည့် သန့်စင်ပြီးသံကို ပြီးအောင် မပြုလုပ်နိုင်သေးပေ။ ထို့အတူ စွန့်စားသူများအဖွဲ့ တစ်ခုလုံးအတွက် လိုအပ်နေသော သန့်စင်ပြီးသံပမာဏသည်လည်း များပြားလွန်းလှပေသည်။ ဖရန်ကလင်၏ ပန်းပဲဆိုင်သည် ထိုနေ့အတွက် ပိတ်တော့မည်ဖြစ်သောကြောင့် ချင်ကျင်းသည်လည်း မနက်ဖြန်မှသာ ဆက်လက်လုပ်ဆောင်နိုင်တော့ပေမည်။
ချင်ကျင်းသည် ဆိုင်မှထွက်လာကာ သင်တန်းကျောင်းသို့ ပြေးသွားခဲ့သည်။ သူ့သားရေအိတ်ထဲတွင် စွမ်းအင်ကျောက်တစ်လုံးရှိနေ၍ စိတ်ကောင်းဝင်နေခဲ့သည်။
Oakland သင်တန်းကျောင်းသည် သည် နေဝင်ချိန်၌ ခါတိုင်းကဲ့သို့ ငြိမ်သက်နေလေသည်။ သို့သော် ဤနေရာတွင် ခါတိုင်းလိုမဟုတ်ပဲ လူပိုတစ်ယောက်ရှိနေခဲ့သည်။
ချင်ကျင်းသည် သူ့လက်ကို မြှောက်လိုက်ပြီး သင်တန်းကျောင်းတံခါးဝတွင် လမ်းလျှောက်နေသော နည်းပြဆရာ Rodriguez ကို နှုတ်ဆက်သည်။
“ဆရာ တိုက်ဆိုင်လိုက်တာဗျာ။ ပေါ့ပေါ့ပါးပါး လမ်းလျှောက်နေတာလား..။"
"တိုက်ဆိုင်တယ်?"
Rodriguez သည် စိတ်ဆိုးလွန်းသဖြင့် ခေါင်းသည် ပေါက်ကွဲလုနီးပါး ဖြစ်သွားသည်။ သူသည် ဤနေရာ၌ နာရီပေါင်းများစွာ စောင့်နေခဲ့ခြင်းဖြစ်သည်။
"ဘာ တိုက်ဆိုင်မှုလဲ။ ငါမင်းကို စောင့်နေခဲ့တာကွ! ဒီမနက် မင်းပြောခဲ့တာကို မှတ်မိသေးရဲ့လား။"
"ကျွန်တော် ဘာပြောခဲ့ပါလိမ့်?"
YOU ARE READING
မိုးကောင်းကင်အားချုပ်ကိုင်ခြင်း
Spiritualမိုးကောင်းကင်အားချုပ်ကိုင်ခြင်း pageလေးကိုလည်း Likeလုပ်ပေးကြပါဦးနော်