အခန်း(၈) : လျင်မြန်စွာအနိုင်ရရှိလိုက်ခြင်း

167 20 0
                                        


ချင်ကျင်းသည် ရူဒီ၏အပြုမူများကြောင့် စိတ်ရှုပ်ထွေးသွားသည်။

‘ရူဒီကငါ့ကို လာကစားနေတာလား ဒါမှမဟုတ် သူတကယ်ပဲ ရှုံးချင်နေတာလား။ ဒါမှမဟုတ် သူ ရှုံးတော့လုဆဲဆဲမှာမှ ငါ့ကို ပြန်အနိုင်ယူပြီး သူ့ခွန်အား အစစ်မှန်ကိုပြချင်နေတာလား...။’ ဟုတွေးနေသည်။

            နှစ်ယောက်သား ဒွိဟဖြစ်နေစဉ်မှာပင် ရိုလင်သည် သူတို့နှစ်ဦးလုံး၏လက်ကို ကိုင်လိုက်ကာ နေရာချပေးလိုက်သည်။ ထို့နောက် လက်များကို ရုတ်တရက် လွှတ်လိုက်ကာ

“စကြတော့......” ဟုအော်လိုက်သည်။

  ဘုန်း!......

            ကျယ်လောင်သော အသံနက်ကြီးသည် စားပွဲပေါ်မှ ထွက်ပေါ်လာခဲ့သည်။ ပြင်းထန်လှသော အားများကြောင့် စားပွဲလည်း လေပေါ်သို့ စက္ကန့်အနည်းငယ်ကြာ ခုန်တက်သွားသေးသည်။

            ထိုထိတ်လန့်ဖွယ်မြင်ကွင်းကို အခန်းထဲရှိလူများအားလုံး မလှုပ်မယှက်နှင့် ငြိမ်သက်စွာ ကြည့်ရှုနေကြသည်။ ရိုလင်မှ “စတော့” ဟုပြော လိုက်သည်နှင့် ချင်ကျင်းသည် ရူဒီ၏လက်ကို ရုတ်တရက် ထွက်ပေါ်လာသော စွမ်းအားများဖြင့် စားပွဲပေါ်သို့ လှဲချလိုက်နိုင်သည်။

ချင်ကျင်း..... အနိုင်ရသွားပြီ....

            ချင်ကျင်းသည် အနိုင်ရုံချည်းမဟုတ်ပါ။ သူသည် ရူဒီအား သေသေသပ်သပ် အနိုင်ယူလိုက်နိုင် သောကြောင့် နွားသန်ကြီးပင် ဘာမျှမသိလိုက်ပေ။ ရူဒီသည် စက္ကန့်ပိုင်းလေးအတွင်း၌ပင် ချင်ကျင်း၏ အနိုင်ယူခြင်းခံ လိုက်ရတော့သည်။

            အဖြစ်ပျက်များသည် အလွန်လျှင်မြန်လွန်းလှ၍ လူတိုင်းထိတ်လန့်သွားခဲ့ပြီး သူတို့မြင်တွေ့နေရသည်ကို လက်မခံနိုင် ဖြစ်နေကြတော့သည်။

            ရူဒီသည်မည်သူဖြစ်သနည်း...။ သူသည် Oakland သင်တန်းကျောင်းရှိ  ပထမနှစ်ရှိ သင်တန်းသားများအနက် တတိယမြောက် ခွန်အားအကောင်းဆုံးသော ကျောင်းသားဖြစ်သည်မဟုတ်ပေလော။ သူ့ထက် ခွန်အားကောင်းသူမှာ စစ်သည်နှစ်ဦးသာရှိပြီး ရူဒီသည် ခြောက်ဆက်မြောက်လူရိုင်းတို့၏ သွေးပါသူလည်း ဖြစ်သည်။

မိုးကောင်းကင်အားချုပ်ကိုင်ခြင်း Where stories live. Discover now