၈၁

161 12 2
                                    

အခန်း ( ၈၁ )

ကလဲ့စားချေရမည့်အချိန်

ချင်ကျင်းသည် တူအသစ်ကို ကိုင်လိုက်ပြီးနောက် သူ့လက်မောင်းနှင့် ပခုံးတို့သည် အောက်သို့ ဆွဲချခံနေရသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် သံသွန်းအသက်ရှူ ပညာကို အမြန်စတင်လိုက်သည်။

လက်နက်အဆင့်မြှင့်တင်ခြင်း ရိုက်ချက် ၁၈ ကွက်မှ ဒုတိယအချက် တူရိုက် နည်းပညာသည် ပထမအချက်နှင့် နှိုင်းယှဉ်လျှင် ဆယ်ဆပိုမိုခက်ခဲလေသည်။ ချင်ကျင်းသည် ဤရိုက်ချက်ကို ပြီးပြည့်စုံအောင် ပြင်းပြင်းထန်ထန် ကြိုးစားလုပ်ဆောင်ခဲ့သော်လည်း ထိုရိုက်ချက်၏ သဘောတရားကို နားလည်ရန် နိုင်ရန်ပင် မနီးစပ်ခဲ့ပေ။

အဆုံးမဲ့ကမ္ဘာတွင် ချင်ကျင်းသည် တူရိုက်လိုက်သည့်အကြိမ်တိုင်းတွင် ဒုတိယအချက် တူရိုက်နည်းကိုသာ အသုံးပြုနေခဲ့သည်။ ဖရန်ကလင်၏ ပန်းပဲဆိုင်တွင်တော့ သူသည် ကျန်းမားတာအိုကို သွန်းလုပ်ရန် ပြီးပြည့်စုံသည့် ပထမအချက် တူရိုက်နည်းကို အသုံးပြုခဲ့လေသည်။

ဓားရှည်သည် အလျားလေးပေ၊ အနံတစ်ပေခွဲနှင့် အထူသုံးလက်မခန့်ရှိသည်။ ဓားရှည်၏ ဓားအသွားပိုင်းသည် နှစ်ပေခွဲကျော်အထိ ရှည်လျားပေသည်။ ဆယ်ရက်တာ ဓါးသွန်း လုပ်ငန်းစဉ်အတွင်း ၎င်း၏ပုံစံကို လူစုလူဝေးဆီသို့ ဖြည်းညှင်းစွာ ထုတ်ဖော်ပြသခဲ့သည်။ ဓါးရှည်ကို မသွေးရသေးသော်လည်း ၎င်း၏ အေးမြသွားစေသော ခံစားမှုသည် ထက်မြက်အောင်ပြုလုပ်ထားပြီးသော ဓါးများထက်ပင် ကောင်းမွန်နေလေသည်။

ချင်ကျင်းသည် သူ၏ စစ်သည်တော်လက်နက် ကို လှည့်ပတ်ကြည့်ရှု စစ်ဆေးနေခဲ့သည်။ အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ ဤကျန်းမားတာအိုကို သွန်းလုပ်ရန်အတွက် ဖရန်ကလင်၏ ပန်းပဲဆိုင်သည် ၎င်း၏သတ္တုရိုင်းနှင့် မိုင်းတွင်းမှ ပိုင်ဆိုင်မှုတစ်ဝက်ခန့်ကိုပင် စွန့်လွှတ်ခဲ့ရသည်။ ထို့အပြင် ဤကျန်းမားတာအို သွန်းလုပ်ခြင်းအတွေ့အကြုံကြောင့် ချင်ကျင်းသည် လက်နက်တစ်ခု သွန်းလုပ်ရန်မှာ ထင်ထားသလောက် မလွယ်ကူကြောင်း အမှန်တကယ် နားလည်ခဲ့လေတော့သည်။ ဘလိတ်၏အခန်းသို့ သွားကာ ထိုအကြောင်းကိုဖတ်ထားလျှင်ပင် သူသည် ထိုစာအုပ်ပါ နည်းပညာများကို ချောချောမွေ့မွေ့နှင့် ဆရာကျကျ အသုံးချနိုင်ရန်မှာ ဝေးကွာလွန်းလှပေသည်။

You've reached the end of published parts.

⏰ Last updated: Sep 03, 2023 ⏰

Add this story to your Library to get notified about new parts!

မိုးကောင်းကင်အားချုပ်ကိုင်ခြင်း Where stories live. Discover now