သူ့ရဲ့ ခုန်ပေါက်မှုများက အလှမ်း ကျယ်လွန်းသည်။
"ရှား...၊ ရှား....၊ ရှား....."
ထိုအသံသည် မြက်ခင်းပြင်ကို ဖြတ်သွားသော တစ်စုံတစ်ခု၏ အသံ။ လည်ပတ်နေသောကောင်ကင် ဓါးသွားက ချင်ကျင်း ကို တိုက်ခိုက်နေပုံမှာ မျောက်ဝံမိစ္ဆာ နှင့် အလွန်တူလှသည်။ သူသည် လက်သီးကို လွှဲလိုက်ပြီး သူ၏ခန္ဓာကိုယ်ပေါ်တွင် အဆင့် ၃ စစ်သည်တော် အတွင်းအားကိုလွှမ်းခြုံလိုက်ကာ ချင်ကျင်း ၏မျက်နှာ ဆီသို့ ဦးတည်၍လွှဲလိုက်သည်။
အချို့ သောစီနီယာကျောင်းသားများသည်လည်း အံ့ဩမင်သက်သွားကြသည်။ ပထမနှစ်မှ ဂျူနီယာလေးသည် သူ၏ စစ်သည်စွမ်းအင်ကို အဆင့်မမြှင့်နိုင်သေးခင် မျောက်ဝံမိစ္ဆာ တိုက်ခိုက်နည်းစနစ် ကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချနိုင်လိမ့် မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။ ဤစွမ်းရည်ဖြင့် သူသည် သတိကြီးကြီးထားပြီး ဉာဏ်ကိုကောင်းစွာအသုံးချကာ တိုက်ခိုက်ပါက အဆင့်လေးစစ်သည်တော်ကိုပင် ကျိန်းသေပေါက် အနိုင်ယူနိုင်မည်ဖြစ်သည်။
“သူက ခွန်အား၊ အရှိန်နဲ့ တိုက်စစ်နေရာယူမှုတွေက ဆီဇာထက် ပိုကောင်းတယ်။ ဒါကြောင့်လည်း အဆင့်ရှစ်နေရာမှာ ရပ်တည်နေနိုင်တာ မဆန်းပါဘူး....။"
ချင်ကျင်း သည် လည်ပတ်နေသောကောင်ကင် ဓါးသွား ၏ တိုက်ခိုက်မှုကို အနီးကပ် စိုက်ကြည့်နေသည်။ လက်သီးက ချင်ကျင်း၏ မျက်နှာနဲ့ အရမ်းနီးကပ်နေလေပြီ။ သူသည် လူသတ်နတ်ဆိုး တိရစ္ဆာန်တစ်ကောင်နှင့် အမှန်တကယ်တကယ်တိုက်ခိုက်နေသကဲ့သို့ ခံစားလိုက်ရသည်။ ချင်ကျင်းသည် သူ၏ပြိုင်ဘက်မှ ထိုနည်းစနစ်ကို ပြီးပြည့်စုံအောင် အတော်လေး ကြိုးစားလေ့ကျင့်ခဲ့ရသည်ဟု ပြောနိုင်သည်။ ချင်ကျင်း သည် သူ၏ခန္ဓာကိုယ်အတွင်းမှ စစ်သည်တော် အတွင်းအားကို ထုတ်လိုက်ကာ တိုက်ခိုက်ရန် အသင့်ပြင်ခဲ့သည်။
"သူက အဆင့်သုံးစစ်သည် ရဲ့ စွမ်းအား အထွတ်အထိပ်ကို ရောက်နေသလို အဆင့်လေး စစ်သည် စွမ်းအင် အဆင့်ကို အချိန်တိုအတွင်း တက်နိုင်တော့မယ့်ပုံပဲ။ ဒါကြောင့်လည်း သူနည်းနည်းမောက်မာနေတာ မဆန်းပါဘူး။”
YOU ARE READING
မိုးကောင်းကင်အားချုပ်ကိုင်ခြင်း
Spiritualမိုးကောင်းကင်အားချုပ်ကိုင်ခြင်း pageလေးကိုလည်း Likeလုပ်ပေးကြပါဦးနော်