၄၃

81 10 0
                                    

အခန်း  ( ၄၃ )

သူ့ကို အတူတကွ တိုက်ခိုက်ကြ

 ရိုလင်သည် ထောင့်တစ်နေရာတွင် ပုန်းနေခဲ့သည်။ သူ့လက်နှစ်ဖက်လုံးသည် ပိုက်ဆံအိတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။ သူ၏ 'ဖောက်သည်' တစ်ဒါဇင်ကျော်လောက်မှ သူ့အား ဒေါသထွက်ပြီး စိုက်ကြည့်နေသည်ကို ခံစားပြီးနောက်၊ သူသည် ချင်ကျင်း အမြန်ပေါ်လာစေရန် ဘုရားသခင်ထံ ဆုတောင်းနေခဲ့သည်။ အကယ်၍ ချင်ကျင်းသာမလာပါက သူရထားသောငွေသည် လုံခြုံတော့မည် မဟုတ်ပေ။ ထို့အပြင် သူသည်လည်း အဆော်ခံရတော့မည်။

တောအုပ်ငယ်လေး၏ အပြင်ဘက်တွင် အသံများ ဆက်တိုက်ထွက်ပေါ်လာသည်။ ချင်ကျင်းသည် ပေါင်းပင်များနှင့် သစ်ပင်များကြားတွင် တွားသွားကာ နောက်ဆုံးတွင် ရောက်လာခဲ့ပြီဖြစ်သည်။ ချင်ကျင်းက သူ့လက်တစ်ဖက်ကို လေထဲတွင် ဝှေ့ယမ်းလိုက်ပြီး ပြောလိုက်သည်။

“အားလုံးပဲ မင်္ဂလာပါ။ ပြီးတော့ တောင်းပန်ပါရစေ။ ငါနည်းနည်းနောက်ကျသွားတယ်"

"နည်းနည်း?"

ကြိမ်နှုန်းမြင့်၍ နားစူးစေသော အော်ဟစ်သံတစ်ခုသည် တောအုပ်ငယ်လေးအတွင်း ပဲ့တင်ထပ်သွားတော့သည်။

"ချင်ကျင်း မင်းက နည်းနည်းပဲနောက်ကျတယ်လို့ ပြောနေတာလား။ တခြားသူတွေရဲ့ အချိန်ကို ဖြုန်းတီးတာဟာ သူတို့ရဲ့ ဘဝကို ဖြုန်းသလိုပဲ ဆိုတာ မင်းသိရဲ့လား။"

ချင်ကျင်း သည် လွတ်နေသော စက်ဝိုင်းနေရာ၏ အလယ်ဗဟိုသို့ ခေါင်းကုတ်ရင်း လျှောက်သွားလိုက်သည်။ ထိုစကားကိုပြောလိုက်သူမှာ မည်သူဖြစ်သည်ဆိုသည်ကို ပြောပြရန် ချင်ကျင်းသည် လိုက်ကြည့်နေစရာပင်မလိုပေ။ သူ့အားမုန်းတီးနေသော စီမံခန့်ခွဲမှု ဒါရိုက်တာမှ ထိုသို့ ဒေါသတကြီးအော်လိုက်ခြင်းဖြစ်ပေသည်။ ချင်ကျင်းသည် ဆီဇာအား မနေ့ကမှ နောက်တစ်ကြိမ်အနိုင်ယူပြီးနောက်တွင်တော့ ခေလာသည် ချင်ကျင်းအား ရိုးတွင်းချင်ဆီများထိအောင် မုန်းတီးနေလိမ့်မည်ဖြစ်သည်။

မိုးကောင်းကင်အားချုပ်ကိုင်ခြင်း Where stories live. Discover now