“ဒါက...”
ချင်ကျင်းသည် အမြန်စဉ်စားလိုက်ကာ ရိုးသားစွာပြောရန် ဆုံးဖြတ်ချက်ကို ချလိုက်သည်။
“ကျွန်တော် ပန်းပဲပညာကို အနည်းငယ်သိပေမဲ့ ဒုတိယအဆင့် ပန်းပဲဆရာတော့မဟုတ်ပါဘူး။ ကျွန်တော်က အဆင့်နှစ် သန့်စင်ပြီး သံကိုပဲ ထုတ်တတ်တာ တခြားဘာမှမသိဘူး။ ကျွန်တော်ပေါက်ပြား လေးတစ်ခုတောင် ဖြစ်အောင် ပုံမသွင်းတတ်ပါဘူး.....။”
အနောက်ခန်းမှ တီးတိုးပြောနေသံများ ရုတ်ချည်းရပ်တန့်သွားခဲ့သည်။ ပန်းပဲသင်တန်းသားများသည် သူတို့ကြားလိုက်ရသည်ကို မယုံနိုင်ဖြစ်နေကြတော့သည်။ အဆင့်နှစ် သန့်စင်ပြီးသံကို ပြုလုပ်နည်းသိသူသည် ရိုးရှင်းလှသည့် လယ်လုပ်ငန်းသုံး ကိရိယာသွန်းလုပ်နည်းကို ပင်မသိပါလော။ စနောက်နေသလား။ ယခုမှ ပန်းပဲပညာစတင် သင်ယူနေသည့် ပန်းပဲသမားသည်ပင် ထိုပစ္စည်းကို မည်သို့ သွန်းလုပ်ရမည်ကိုသိသည်။
ဖရန်ကလင်း၏ဦးခေါင်းသည် ချုပ်နှောင်ခံထားသည့်အတိုင်း လည်ပင်းသည်လည်း သံချောင်းတစ်ချောင်းကဲ့သို့ တင်းမာလာသည် ကိုခံစားမိလိုက်သည်။
“မင်းနောက်နေတာပဲဖြစ်မယ်။ နေပါအုံး သူ့ကြည့်တာ နောက်နေတဲ့ပုံမပေါ်ဘူး...။ ဒါပေမဲ့ ဒုတိယအဆင့် ပန်းပဲဆရာတစ်ယောက်က ဘာလို့ လွယ်ကူတဲ့ ပစ္စည်းလေးတွေကို သွန်းလုပ်တဲ့နည်းကို မသိရတာက ဘယ်လိုဖြစ်နိုင်မှာလဲ.....” ဟုတွေးနေသည်။
“ဒါက.... အမ်...”
သူ့အလုပ်သက်တမ်းတစ်လျှောက် ယခုအဖြစ်ပျက်သည် ဖရန်ကလင်း ပထမဆုံး ကြုံတွေ့လိုက်ရသည့် ထူးဆန်းသောဖြစ်ရပ်ဖြစ်ပေသည်။ သူသည် စက္ကန့်အနည်းငယ်ကြာ ဆွံ့အ နေခဲ့သည်။
“ ငါအကြံတစ်ခုရပြီ....။ ဒီလိုဆိုဘယ်လိုလဲ ငါက မင်းကို ကိရိယာတွေနဲ့ ပြင်ဆင်တဲ့နေရာကို ငှားပေးမယ် ပြီးတော့ ငါက မင်းရဲ့ အဆင့်နှစ်သန့်စင်ပြီးတဲ့ သံတစ်တုံးကို ရွှေဒင်္ဂါး တစ်ပြားနဲ့ဝယ်မယ်။”
ŞİMDİ OKUDUĞUN
မိုးကောင်းကင်အားချုပ်ကိုင်ခြင်း
Spiritüelမိုးကောင်းကင်အားချုပ်ကိုင်ခြင်း pageလေးကိုလည်း Likeလုပ်ပေးကြပါဦးနော်