အခန်း(၁၁) : အတန်းထဲမှ အလှဆုံးမိန်းကလေး

123 13 0
                                    


            ရိုလင်သည် ချင်ကျင်းကလှန်လိုက်၍ နီသွားသော သူ့နှဖူးကို ပွတ်သပ်ကာ ခေါင်းခါလိုက်ပြီး ချင်ကျင်းပိုက်ဆံအိတ်နှင့်အတူ လမ်းလျှောက်ထွက်ခွာ သွားသည်ကို ကြည့်နေခဲ့သည်။ ရိုလင်သည် အနည်းငယ်ထူးဆန်းနေသည်ဟု ခံစားမိသည်။

“ချင်ကျင်းကဘာလို့ စစ်သည်တော်တစ်ဦးရဲ့ ဂုဏ်သရေကျော်ဇော် မှုကို ဘာလို့ သတိမထားမိရတာလဲ။ တခြားသူတွေကတော့ သူတို့ရဲ့အဆင့်တွေ ပိုမြင့်လာအောင် နေ့တိုင်းတိုက်ခိုက်နေကြချိန်မှာ သူကတော့ စိတ်ဝင်စားမှု ဘာလို့မရှိနေတာလဲ.....။”

            ပိုက်ဆံအပြည့်ထည့်ထားသော အိတ်နှင့်အတူ ချင်ကျင်းသည် သူ၏နားနေဆောင်သို့ အမြန်ပြန်လာခဲ့သည်။ ဦးစားပေးအလုပ်ဖြစ်သော အိပ်ယာခင်းဝယ်ခြင်းကိုပင် မေ့နေခဲ့သည်။ ချင်ကျင်း စိတ်ထဲရှိနေသော အရာမှာ မှော်ဦးထုပ်ပင်ဖြစ်သည်။ သူသည် ထိုမှော်ဦးထုပ်၏ လျှို့ဝှက်ချက်ကို အခြားသူများသိသွားမည်ကို မလိုလားပေ။ ထို့ကြောင့် ချင်းကျင်သည် ဘယ်သွားသွား ဦးထုတ်အားယူသွားရန် ဆုံးဖြတ်လိုက်တော့သည်။

            ချင်ကျင်းသည် ခြေလှမ်းကြဲကြီးများနှင့် တတ်နိုင်သမျှ အလျှင်အမြန်သွားနေသည်။ နားနေခန်းသို့‌ ရောက်သောအခါ ရှည်လျားလှသော ‌ရွှေအိုရောင် ဆံပင်နှင့် မိန်းကလေးတစ်ဦးက သူ့တခါးကို ဖြည်းညင်းစွာ ခေါက်နေသည် ကိုမြင်လိုက်ရသည်။

            “ခရစ်စတင်း? အတန်းထဲက အချောဆုံး ကောင်မလေး မဟုတ်လား.....။”

            ချင်ကျင်းအံ့သြနေခဲ့သည်။ ဒီမိန်းကလေး ဘာကိစ္စကြောင့် ရောက်လာခဲ့တာလဲ။ သူမသည် ပထမနှစ် အဆင့် တိုက်ခိုက်ရေးတွင် အဆင့်တစ်ဆယ်ဝင်သော တစ်ဦးတည်းသော မိန်းကလေးဖြစ်သည်။

            ချင်ကျင်းသည် ခြေလှမ်းများကို ရပ်လိုက်ကာ တုံ့ဆိုင်းနေခဲ့သည်။ သူ့အခန်းသို့ ပြန်သွားချင်သည် ဟုတ်မဟုတ် မသေချာတော့ပါ။ သင်တန်းကျောင်းတွင် စိန်ခေါ်မှုများနှင့် အဆင့်လုပွဲများကြောင့် အဓိကရုဏ်းများဖြစ်လေ့ရှိသည်ကို ချင်ကျင်းမမေ့ပါ။ ယခု မိန်းခလေးသည် ပထမနှစ်၏ အဆင့်၃ တွင် ရပ်တည်နေသောသူဖြစ်ပြီး ချင်ကျင်းအားလည်း စိန်ခေါ်သည့်စာများ တစ်ကြိမ်ထက်မနည်း ပို့ဖူးသည်။ သို့သော်လည်း ထိုစာများသည် ချင်ကျင်းအတွက် အိမ်သာ စက္ကူလိုသည့် အခါမှသာ အသုံးဝင်လာသောအရာများဖြစ်သည်။

မိုးကောင်းကင်အားချုပ်ကိုင်ခြင်း Tempat cerita menjadi hidup. Temukan sekarang