အခန်း ( ၇၃ )
အလစ်တိုက်ခြင်း
"ကိစ္စမရှိပါဘူး.."
ဖရန့်စစ်က သူ့လက်တွေကို ဝှေ့ယမ်းပြီးပြောလိုက်သည်။
"မင်းဘာလုပ်ချင်နေတာလဲတော့ ငါမသိဘူး၊ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ငါမင်းကို အပြည့်အဝထောက်ခံတယ်။ အဲဒီမှာရပ်နေတဲ့တစ်ယောက် သံကျွတ်တွန်းလှည်းကို ဒီကိုတွန်းလာခဲ့။ မင်းလိုအပ်သလောက်သာသုံးပါ!"
“ဒါက…”
လှည်းကို သူ့ခြေရင်း၌ လောင်းချသည်။ ချင်ကျင်းသည် ဖရန့်စစ်ကို အားနာစွာ ကြည့်နေခဲ့သည်။ လောင်းချလိုက်သည်မှာ သံကျွတ်တစ်ပုံးတင်မကဘဲ ပိုက်ဆံများပါ ပါဝင်နေသည်။ ယခုအချိန်တွင် ဖရန်ကလင်၏ ပန်းပဲဆိုင်သည် ယာယီပထမဖြစ်နေသော်လည်း ယခင်ကဒုတိယအဆင့် ပန်းပဲဆိုင်တစ်ဆိုင်ဖြစ်ခဲ့သောကြောင့် လူးကပ်၏ဆိုင်နှင့်ယှဉ်လျှင် အမြတ်အစွန်းနည်းပါးနေသေးသည်။ တွန်းလှည်းနှစ်စီးသည် ၎င်းတို့၏ဆိုင်အတွက် အလွန်များပြားသော ပမာဏဖြစ်သည်။
"ချင်ကျင်း မင်းအပိုတွေပြောမနေဘဲနဲ့ ယောက်ျားပီပီ လက်ခံလိုက်ပြီးတော့။ သုံးသာသုံး”
ဖရန်ကလင်သည် ခြေဟန်လက်ဟန်ပြလိုက်၍ စိတ်မရှည်ဟန်ဖြင့် ကြည့်နေလေသည်။
"အရှုံးပေါ်လည်း ငါတတ်နိုင်တယ်!"
ထိုစကားကိုကြားသောအခါ အနီးနားရှိ ပန်းပဲဆရာများစွာသည် ရှုံ့မဲ့သွားကြသည်။ သံရိုင်း၏ဈေးသည် သိပ်မကြီးသော်လည်း သံကျွတ်မှာမူ မတူပေ။ သံကျွတ်ပေါင်တစ်ပေါင်ကို သံရိုင်းဆယ်ပေါင်ရှိမှသာ ထုတ်လုပ်နိုင်ပြီး ဤပေါင်တစ်ထောင်ရှိသော သံကျွတ်များသည် သံရိုင်းပေါင်တစ်သောင်းနှင့် ညီမျှသည်။
ဖရန်ကလင်၏ဆိုင်သည် ထိုမျှမချမ်းသာဘဲ၊ ပေါင်နှစ်ထောင်ရှိသော သံကျွတ် တွန်းလှည်းနှစ်စင်းသည် သူ့ပိုင်ဆိုင်မှုများ၏ ဆယ်ပုံတစ်ပုံခန့်ရှိသည်။
YOU ARE READING
မိုးကောင်းကင်အားချုပ်ကိုင်ခြင်း
Spiritualမိုးကောင်းကင်အားချုပ်ကိုင်ခြင်း pageလေးကိုလည်း Likeလုပ်ပေးကြပါဦးနော်