၅၃

77 8 0
                                    

အခန်း ( ၅၃ )

နတ်ဘုရားအဆင့် ပန်းပဲဆရာ

 ကျောင်းအုပ် ဖစ်ခ် ၏ အပြုံးသည် ကောက်ကျစ်သော မြေခွေးတစ်ကောင်ပြုံးနေသကဲ့သို့ ထင်ရစေသော်လည်း သူ၏မျက်လုံးများသည် ချင်ကျင်းအား ဂုဏ်ပြုနေသည့်အလား ကြည့်နေခဲ့သည်။

“ဒီကလေးက သန်မာတာပဲ မဟုတ်ဘူး။ ပြတ်သားတဲ့ စိတ်လည်းရှိတယ်။ သူ အနိုင်ယူနိုင်မှန်း သိတဲ့လူတွေနဲ့ တိုက်ခိုက်ပြီး ပြိုင်ဘက်ဖြစ်ဖို့ အလားအလာရှိတဲ့ သူတွေကို သူ့ကို လာစိန်မခေါ်ရဲအောင် ခြောက်လှန့်နိုင်တာပဲ”

တစ်ဖက်တွင်လည်း Rodriguez သည် သွားများကျွတ်တော့လုမတတ် အလွန်ပျော်နေခဲ့သည်။ စစ်သည်တော် အတွင်းအား သည် အဆင့်မြှင့်တင်ရန် အလွန်ခက်ခဲလှသည်။ လူတော်တော်များများသည် တစ်နှစ်လောက် လေ့ကျင့်ကြသော်လည်း တိုးတက်လာခြင်းမရှိကြပေ။ လောလောဆယ် တတိယနှစ်တွင် ထိပ်တန်းဆယ်နေရာ၌ ပါသော ကျောင်းသားနှစ်ဦးသာ အဆင့် ၆ စစ်သည်တော် အတွင်းအားရှိသည်ဖြစ်သော်လည်း ချင်ကျင်း သည် ပထမနှစ်သာရှိနေသေးသည်။

ပြိုင်ဘက်ကင်းတယ်! ။

Rodriguez သည် အလွန်ပီတိဖြစ်နေခဲ့သည်။

“ချင်ကျင်း သရုပ်ပြခဲ့တာက ပထမနှစ်မှာတောင်မကဘူး အကယ်ဒမီတစ်ခုလုံးတွင်လည်း ပြိုင်ဘက်ကင်းသူ လို့ ယူဆနိုင်တယ်..။ သူ့ရဲ့ ကြွက်သားခံနိုင်ရည်က တတိယနှစ်ရဲ့ ထိပ်တန်း စစ်သည်တော် နှစ်ယောက်လောက်တော့ မမြင့်လောက်ဘူး...။ အိုး...! အဲ့လောက် မြင့်ပုံရတယ်…”

မနေ့ညက ချင်ကျင်းမှ အရုပ်ကလေးကဲ့သို့ ကစားခြင်းကို ခံနေသည့် ဒုတိယနှစ်မှ ကျောင်းသားနှစ်ယောက်သည် ကြောက်နေကြပြီး လူအုပ်ထဲသို့ ဖြည်းညှင်းစွာတိုးဝင် သွားကြလေသည်။ သူတို့သာ အတန်းထဲတွင် ထိပ်တန်း ဆယ်နေရာတွင် ရှိနေပြီး ချင်ကျင်းကို တိုက်ခိုက်ခွင့်ရကြမည်ဆိုပါက ကလဲ့စားချေခွင့်ရကြလိမ့်မည်ဟု ထင်နေခဲ့ကြသည်။ သို့သော်လည်း လက်ရှိအခြေအနေကို ကြည့်ခြင်းအားဖြင့် သူတို့အတန်း၏ ထိပ်တန်းဆယ်ဦးပင် အဆော်ခံရတော့မည့်ပုံပေါ်သည်။ ချင်ကျင်းက အရမ်းသန်မာသည့်ပုံပေါ်နေသည်။

မိုးကောင်းကင်အားချုပ်ကိုင်ခြင်း Where stories live. Discover now