၇၀

69 6 0
                                    

အခန်း ( ၇၀ )

ပြိုင်ဖက်ကင်း ချင်ကျင်း

ရိုလင်သည် အားလုံးထဲတွင် သူတို့နှစ်ဦးသည် ဆွဲဆောင်မှုအရှိဆုံး လူများအမှတ်နှင့် ချင်ကျင်းအနားတွင် ဂုဏ်ယူစွာ လျှောက်နေခဲ့သည်။ သူသည် ဝိုင်းကြည့်နေသော လူများကို စိုက်ကြည့်ရင်း ထိုစကားအား ပြောလိုက်သည်။

“မင်း ဘာကြည့်နေတာလဲ… မိုက်ကယ်!”

ထိုအသံက ပတ်ဝန်းကျင်မှ လူတွေရဲ့ အာရုံကို ရုတ်တရက် နှိုးဆွလိုက်ပြီး အံ့သြမင်သက်နေကြသော ညည်းညူသံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ ချင်ကျင်းလှမ်းကြည့်နေသော မမျှော်လင့်ထားသော ဧည့်သည်တစ်ယောက်သည် ချက်ချင်းပင် အားလုံး၏ အာရုံများကို ဖမ်းစားထားခဲ့သည်။

ထိုအမျိုးသားသည် ရွှေရောင်ဆံပင်တိုဖြင့် အရပ်ပျမ်းမျှခန့်ရှိသည်။ သူ၏ အထက်တန်းကျကျဝတ်ဆင်ထားသည့်ဝတ်စုံသည် ပခုံးကြွက်သားများဖြင့် ပြည့်နှက်နေသောကြောင့် အပိုင်းပိုင်းပြဲတော့မည့်ပုံ ဖြစ်နေသည်။

မိုက်ကယ်သည် ချင်ကျင်းမတိုင်မီ အကောင်းဆုံးကျောင်းသားအဖြစ် အသိအမှတ်ပြုခံထားရသည်မှာ ကြာခဲ့ပါပြီ။ ယခုအချိန်တွင် သူသည် တတိယတန်း၌ ပထမနေရာတွင် တိုက်ပွဲအတွေ့အကြုံများစွာ ပြည့်ဝနေသော အဆင့် ၆ စစ်သည်တော်တစ်ဦးဖြစ်နေ ရပ်တည်နေသည်။

ကျောင်းသားများဖြင့် ဝန်းရံဖွဲ့စည်းထားသော စတုရန်းပုံသဏ္ဍာန်လူအုပ်ကြီးသည် နှစ်ဖက်စလုံးသို့ အလိုအလျောက် ကွဲသွားကာ မိုက်ကယ်အတွက် ချင်ကျင်းထံသို့ သွားနိုင်ရန် ကြီးမားသောလမ်းကြောင်းတစ်ခုကို  ပြုလုပ်ပေးခဲ့ကြသည်။

"ဒါဆို မင်းက ဂန္ထဝင်ချင်ကျင်းလား"

မိုက်ကယ်သည် ချင်ကျင်းထက် နှစ်နှစ်ပိုကြီးသောကြောင့် သဘာဝအလျှောက် အရပ်ပိုရှည်နေသည်။ ချင်ကျင်းကို အပေါ်စီးမှ ကြည့်ရင်း စီနီယာ စစ်သည်တော် ကျောင်းသားက အေးဆေးငြင်သာသည့် လေသံဖြင့် ပြောခဲ့သည်။

မိုးကောင်းကင်အားချုပ်ကိုင်ခြင်း Where stories live. Discover now