အခန်း ( ၃၆ ) ကျုပ်ရဲ့ အံ့ဖွယ်ပညာကို ပြမယ်

91 9 0
                                    


“ချင်ကျင်း…"

ဖရန့်စစ်က ချင်ကျင်း ၏လက်ကိုဆွဲကိုင်လိုက်ပြီး တစ်ခုခုပြောချင်သော်လည်း သူသည် ချင်ကျင်း၏ မျက်လုံးထဲတွင် ကြောက်ရွံ့ခြင်းမရှိသည်ကို တွေ့လိုက်ရသည်။ ပြပွဲတစ်ခုကဲ့သို့ ထူးချွန်ပြောင်မြောက်လှသော လူးကက်စ်၏ ပန်းပဲပညာသည် အခြားသော ပန်းပဲသမားများကို ဖိအားများစွာဖြစ်စေသော်လည်း ချင်ကျင်းကိုတော့ တုန်လှုပ်သွားစေပုံ မရပေ။

ချင်ကျင်းသည် ဖရန့်စစ်နှင့် လူးကက်စ်ကို ကြည့်ကာရယ်လိုက်သည်။ လူးကက်စ်၏ နည်းပညာသည် အဆုံးမဲ့ကမ္ဘာရှိ အဘိုးဘလိတ်နှင့် ယှဉ်လျှင် များစွာဆိုးရွားလှသည်။

"ဒီနည်းပညာအဆင့်‌လောက်နဲ့ကို သူက ဂုဏ်ယူနေတာလား။ ဘာလို့ သူ့ကိုဘာလို့ ကြောက်နေကြတာလဲ..”

ချင်ကျင်း တွေးနေမိသည်။

"ဆရာ ဖရန့်စစ်...၊ ခင်ဗျားရဲ့ တူတွေကို ကျွန်တော်သုံးပါရစေ။"

ချင်ကျင်း ပြောလိုက်သည့် စကားသည် လူများကို စိတ်ရှုပ်ထွေးသွားစေသည်။

"မင်း ဘာလို့ တူနှစ်ချောင်း ယူမှာလဲ။ သန့်စင်သောသံကို လုပ်မယ်ဆို တူတစ်ချောင်းပဲလိုတာလေ။ လူးကက်စ်ကို အရမ်းကြောက်သွားလို့ သူယုံကြည်မှုတွေ ပျောက်ဆုံးသွားတာများလား..။”

ချင်ကျင်း သည် ဖရန်ကလင်း နှင့် ဖရန့်စစ်၏လက်မှ တူများကိုယူကာ ဖိုနားသို့ လျှောက်သွားသည်။ ဖားဖိုဘေးမှာရှိနေသည့် မက်ဒလင်ကို ပြောလိုက်သည်။

“ကျေးဇူးပြုပြီး အပူကို မြှင့်ပေးနိုင်မလား? ကျေးဇူးပါ.."

လူးကက်စ် သည် စိတ်ဆိုးစွာဖြင့် ချင်ကျင်း ကို စိုက်ကြည့်ရင်း နှုတ်ခမ်းမွေးများကို ရုတ်တရက် ဆွဲလိုက်သည်။

“ဒီသောက်ကလေးက တကယ့်ကို လေးစားမှုမရှိဘူး။ ငါ့အလုပ်သမားကို ဒီလိုမျိုး ခိုင်းရဲတယ်ပေါ့?”

မိုးကောင်းကင်အားချုပ်ကိုင်ခြင်း Donde viven las historias. Descúbrelo ahora