“ငါ့ထင်ထားတာ မှန်တယ်။ လည်ပတ်နေသော ကောင်းကင်ဓါး က ချင်ကျင်း ကို အနိုင်မယူနိုင်ခဲ့ပါဘူး…”
ခရစ်စတင်း ကသူ၏ရွှေရောင်ဆံပင်ရှည်နဲ့ ကစားရင်း ပြောခဲ့သည်။ သူမမျက်နှာတွင် အပြုံးတစ်ခုရှိနေခဲ့သည်။
"ချင်ကျင်း နင်နောက်ဆုံးတော့ ထိပ်တန်းအဆင့်လုပွဲထဲကို ဝင်သွားပေါ့ပြီ။ ဒီတစ်ခါတော့ နင်ဘယ်လိုလွတ်အောင်လုပ်မလဲမလဲဆိုတာ ငါကြည့်ချင်သေးတယ်!”
"ချင်ကျင်းတိုက်ပွဲမှာ လည်ပတ်နေသောကောင်းကင် ဓါးသွား ကိုနိုင်သွားတယ်?"
တစ်ချိန်တည်းမှာပင် အခန်းတစ်မှ အခြားသောအဆင့်တစ်ဆယ်ကျောင်းသား များသည် သတင်းကြားသောအခါ ပြုံးလိုက်ကြသည်။
အဆင့်လုတိုက်ပွဲ တိုက်ပွဲတွင် မပါဝင်ဖူးသော သူသည် နောက်ဆုံးတော့ ၎င်းထဲသို့ ဆွဲထည့်ခံခဲ့ရလေပြီ။
“ကြည့်ရတာတော့ငါ့လက်ထဲ နောက်ထပ်ကဒ်တွေရောက်လာတော့မယ့်ပုံပဲ”
အခြားအဆင့်တစ်ဆယ်ကျောင်းသားများ တွေးနေခဲ့ကြသည်။
“ကဒ်တွေ… ကဒ်စနစ်ကို ဒီဇိုင်းရေးဆွဲခဲ့တဲ့သူက အဆိုးဆုံးပဲ။”
ချင်ကျင်းသည် ကဒ်လေးခုအား အိပ်ရာဘေမှး စားပွဲပေါ်သို့ ပေါ့ပေါ့ဆဆ ပစ်ချလိုက်ပြီးနောက် အနီးနားရှိ ရေချိုးခန်းထဲသို့ သူ၏ရေချိုးခန်းသုံးပစ္စည်းများကို ယူသွားခဲ့သည်။ သူသည် ဖုန်မှုန့်များကို သန့်ရှင်းအောင်လုပ်ပြီး ခန္ဓာကိုယ်မှ ချွေးများကို သန့်စင်ကာ အခန်းထဲသို့ ပြန်သွားခဲ့လေသည်။
ညအချိန်သည် နီးကပ်လာ၍ ရိုလင်သည်လည်းအခန်းထဲတွင် စောင့်နေသည်။ ရိုလင်သည် ချင်ကျင်းအား စိတ်လှုပ်ရှားစွာဖြင့်
"လာ၊ ဒီည အပြင်ထွက်စားရအောင်။ ငါဒကာခံမယ်။ မင်း ဒီနေ့ လည်ပတ်နေသောကောင်းကင် ဓါးသွားကို အနိုင်ယူလိုက်တဲ့အတွက် ဂုဏ်ပြုထိုက်ပါတယ်!”
YOU ARE READING
မိုးကောင်းကင်အားချုပ်ကိုင်ခြင်း
Spiritualမိုးကောင်းကင်အားချုပ်ကိုင်ခြင်း pageလေးကိုလည်း Likeလုပ်ပေးကြပါဦးနော်