အခန်း( ၁၇ ) တရားဝင် ပန်းပဲဆရာ

105 11 0
                                    

            ဒီစစ်သည် ငယ်လေးသည် ၃၅ ပေါင်လေးသော တူကို ပေါ့လွန်းသည်ဟုပြောနေသလား။ သူသည် ဤတူကို တိုက်ပွဲအတွင်းအသုံးပြုကာ ရန်သူများကို တစ်ချက်တည်းဖြင့် နိုင်မည်ဟု ထင်နေသလော။ ယခုအလုပ်သည် ပန်းပဲအလုပ်သာဖြစ်သည်။ ပန်းပဲဆရာများသည် မီးမြိုက်ထားသော သံကြွပ်ကိုသာ အကြိမ်များစွာ တူဖြင့် လွှဲရိုက်ရမည်ဖြစ်သည်။

            ဖရန်ကလင်းသည် ချင်ကျင်း၏နောက်ကြောကို ပုတ်ကာ သက်ပြင်းချလိုက်သည်။

“လူငယ်လေး မင်းကြည့်ရတာ ဘာအတွေ့ကြုံမှမရှိသလိုပဲ။ မင်းတခြားနေရာမှာ အလုပ်သွားရှာသင့်တယ်။ ငါကတော့ အတွေ့ကြုံရှိတဲ့ ပန်းပဲဆရာတွေပဲလိုချင်တာ....။”

            “ဆိုင်ရှင်...”

ချင်ကျင်းသည် ထိုနေရာတွင် ရပ်လိုက်ပြီး ဖရန်ကလင်း၏ လက်ထဲရှိ ပေါင်တစ်ရာ အလေးချိန်ရှိသော တူကြီးကို ညွှန်ပြကာ ပြောလိုက်သည်။

“ကျွန်တော်ခင်ဗျားရဲ့တူကို ခနငှားချင်လို့ပါ...”

            “ဘာ!”

ဖရန်ကလင်းသည် ချင်ကျင်းကို ကြည့်လိုက်သည်။ သူသည် သူ့နားများချို့ယွင်းသွားပြီဟု ထင်နေခဲ့သည်။ “ဒီလူငယ်လေးက ငါ့ရဲ့တူကို သုံးချင်တယ်?” ဟုတွေးနေသည်။

            အနီးနားရှိ ပန်းပဲဆရာများသည် အလွန်အံ့သြနေခဲ့၍ ရယ်ရန်ပင်မေ့သွားကြဟန်တူသည်။ ဖရန်ကလင်း၏ ပန်းပဲဆိုင်စဖွင့်သည်မှစ၍ အမျိုးမျိုးသော ကျောင်းသားများသည် နှစ်တိုင်းအလုပ်လာရှာနေကြ ဖြစ်သည်။ သို့သော်လည်း ဖရန်ကလင်း၏ တူကို အသုံးပြုချင်သည်ဟု မေးသူ တစ်ဦးတစ်ယောက်မှမရှိခဲ့ပေ။

            ကြီးမားလှသော ကိုယ်ထည်နှင့် လက်ကိုင်တို့ကြောင့် အချိုးအစားအကြောင်း နားလည်သူများသည် ထိုတူကြီး မည်မျှလေးကြောင်း ခန့်မှန်းသိနိုင်သည်။

            “ကလေး မင်းကို ငါတို့ ပြက်ရယ်ပြုလို့ စိတ်ဆိုးသွားတာလား...။ မင်းကိုယ်မင်းသက်သေပြနိုင်ဖို့ အလေးဆုံး တူကြီးကို ‌ရွေးစရာမလိုပါဘူး...။”

မိုးကောင်းကင်အားချုပ်ကိုင်ခြင်း Where stories live. Discover now