အခန်း(၆) : ကြမ်းတမ်းလှသော ခွန်အား

146 17 0
                                    

“ဟုတ်ပြီ ငါမှတ်မိနေမှာပါ။” ဟုပြောကာ ချင်ကျင်းသည် သူ၏သစ်သားဇလုံ အားသယ်လိုက်သည်။ ထိုအခါ ဂါဘရီရယ်လာ က ထပ်မံ၍ ချင်ကျင်းအား ဦးညွှတ်လိုက်သည်။

ချင်ကျင်းသည် သူ၏သစ်သားဇလုံလေးကိုကိုင်ကာ အဆောင်သို့ အပြန်လမ်းတွင် အိပ်ယာခင်းများ ဝယ်ရမည်ဖြစ်၍ ငွေပိုကုန်မည်ကို တွေးတောကာ စိုးရိမ်နေခဲ့သည်။ နားနေဆောင်အတွင်း လူများစုဝေးနေသည့်အခန်းသည် ယခုတွင် ပို၍ပင်ဆူညံနေတော့သည်။ လူအချို့က သက်ပြင်းအား တက်ညီလက်ညီ ချနေကြသည်။

“ တော်တော်ကံဆိုးသွားတာပဲကွာ” ဟု လူတချို့က အော်ဟစ်နေသည်။

“ဒီကိစ္စကို ငါအိပ်ယာခင်းတွေ သွားမဝယ်ခင် နည်းပြ Rodriguez ကို သွားပြောပြရမယ်။ ဒီကောင်တွေ တော်တော်တက်ကြွတဲ့ကောင်တွေပဲ။ အချိန်ပိုလေ့ကျင့်ခန်း တွေလုပ်နေသင့်တယ်.....”

ချင်ကျင်းသည် သူ၏ အိပ်ယာခင်းပြဲသွားသောကြောင့် စိတ်ပျက်နေသည်ကို ထိုလူများအားပုံချရန် ကြံနေစဉ် ရိုလင် တစ်ယောက် မကောင်းဆိုးဝါးတစ်ကောင် လိုက်၍ပြေးနေရသည့်အလား သူ့ဆီသို့ ပြေးလာသည်ကို ချင်ကျင်း မြင်လိုက်သည်။

ရိုလင်၏လျင်မြန်လှသော အရှိန်ကြောင့် ချင်ကျင်းအံ့သြသွားခဲ့သည်။ အရင်က ရိုလင်တစ်ယောက် ဤကဲ့သို့ လျင်မြန်စွာပြေးသည်ကို မမြင်ဖူးပါ။ နည်းပြ Rodriguez မှ ရိုလင်အား နောက်မှ တုတ်တစ်ချောင်းကိုင်ကာ လေ့ကျင့်ပေးခဲ့သော်လည်း ယခုလောက် မြန်မြန်မပြေးခဲ့ပေ။

“ကြည့်ရတာ ငါ နည်းပြ Rodriguez ကို ရိုလင်ကို လေ့ကျင့်ပေးတဲ့အခါ ဆူးတင်းပုတ်နဲ့ နောက်ကလိုက်ပြီး ပြင်းပြင်းထန်ထန် အပြေးလေ့ကျင့်ပေးဖို့ အကြံပေးရမယ်။ ဒီလို့လေ့ကျင့်ပေးမှာကို သဘောတူဖို့ ရာနှုန်းများလောက်တယ်ဟ” ဟု ချင်ကျင်းတွေးနေသည်။

“ချင်ကျင်းရေ လာအုံး လာအုံး လာအုံးကွ”

ရိုလင်ကသူ၏လက်တုတ်ကြီးများနှင့် ချင်ကျင်း ဆီလှမ်းလိုက်သည်။ သူသည် ချင်ကျင်း၏လက်မောင်းကို ဆွဲကာ အခန်းထဲသို့ ဆွဲခေါ်လိုက်သည်။ ပြောရလျှင် ရိုလင်တစ်ယောက် ချင်ကျင်းအား  အခန်းထဲဆွဲခေါ်လိုက်သည်မှာ ရိုလင်ကြိုက်နေသော မိန်ကလေး ဂျူးလိယက်အား လိုက်ခဲ့စဉ်ကထက် ပို၍ ဆန္ဒပြင်းပြနေသည်။ ချင်းကျင် သည် ရိုလင်က ပျော်ပွဲရွှင်ပွဲများ ကြိုက်တတ်သည်ကို သိပြီးသားဖြစ်သော်လည်း ယနေ့ ရိုလင်ကို အဘယ်ကြောင့် အမြန်လိုနေသည်ကို သိချင်နေသည်။

မိုးကောင်းကင်အားချုပ်ကိုင်ခြင်း Hikayelerin yaşadığı yer. Şimdi keşfedin