အခန်း ( ၃၃ ) ကျွန်ုပ်တို့ကို ပြန်ရွေးပါ

118 11 0
                                    



အတန်းထဲမှ တခြားကျောင်းသားများ အားလုံး အံ့သြသွားကြသည်။ အချက်ပြမှုအများစုကို သူတို့နားမလည်သော်လည်း အတန်းထဲတွင် ဆိတ်ဆိတ်နေလေ့ရှိသော ချင်ကျင်းသည် သန်မာသောစစ်သည်တော်မျှသာမဟုတ်ကြောင်း နည်းပြဆရာ၏တုံ့ပြန်မှုမှ သိရှိလိုက်ကြသည်။ သူသည် ဉာဏ်ကောင်းသူတစ်ယောက်လည်းဖြစ်ပေသည်။

“ရေဆာလိုက်တာ…”

ချင်ကျင်းသည် ရေကန်တစ်ခုမှ ရေများကို လက်နှစ်ဖက်နှစ်လိုက်ကာ ယူလိုက်သည်။ သူသည် စစ်သည်တော်အတွင်းအားစုစည်းစီစစ်မှုတွင် ၎င်း၏အဆင့်ကို ကာကွယ်သည့်အနေဖြင့် လုပ်ဆောင်ခဲ့သည်များကို ပြန်လည်တွေးတောနေခဲ့သည်။ အချို့သော အသုံးအနှုန်းများသည် ရှင်းပြရန်ခက်ခဲသည်။ သူအရင်က သင်ယူခဲ့ရတဲ့ အသိပညာနဲ့ အတတ်ပညာတွေဟာ စာမေးပွဲအပြီးမှာ အသုံးမဝင်တော့ဘူးဟု ထင်ခဲ့သော်လည်း ဒီနေ့တော့ ထပ်သုံးရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပါ။

စာသင်ခန်းသို့ ပြန်လာသည့်အချိန်တွင် ကျောင်းသားအများစုမှာ ထိတ်လန့်နေကြဆဲဖြစ်ကြောင်း ချင်ကျင်းသိလိုက်ရသည်။ နည်းပြဆရာကျွမ်း သည် မတ်တပ်ထရပ်လိုက်ကာ ထုံကျဉ်သော အနေအထားဖြင့် စာသင်ခန်းမှ ဖြည်းညှင်းစွာ ထွက်သွားခဲ့သည်။ ချင်ကျင်းက သူ့အနားမှ ဖြတ်သွားတာတောင်မှ သူသည် ချင်ကျင်းကို မကြည့်ခဲ့ပေ။

ချင်ကျင်းသည် အချိန်ဇယားကို ကြည့်လိုက်လေသည်။ နောက်သင်ခန်းစာမှာ တိုက်ကြီးများပထဝီဝင် ဘာသာရပ်ပင်ဖြစ်သည်။ ချင်ကျင်းသည် ခုံသို့ ပြန်လာစဉ် ရိုလင်မှာ အသံလေးလေးနှင့် ပြောနေသည့်အသံကို ကြားလိုက်သည်။

“ငါစစ်အလံအချက်ပြနည်း စာမေးပွဲဖြေရင် မင်းဆီကနေ နဲနဲလေးလိုက်တုပြီး ကူးချမယ်ကွာ"

 "ကိစ္စမရှိပါဘူး၊ မင်းညီမနဲ့ ငါ့ကို တွဲပေးဖို့မကြိုးစားတော့ရင် ရပါတယ်..."

“တစ်ယောက်နဲ့တစ်ယောက် ကူးချပြီးဖြေတာက ယောက်ျားလေးအချင်းချင်း ကြားက ယုံကြည်မှုတည်ဆောက်နည်း သက်သက်ပါ..။ အဲဒါနဲ့ ပတ်သက်ပြီး အပေးယူမလုပ်ဘူး။ ရိုလင်ဆိုတဲ့ ငါဟာ စည်းမျဉ်းစည်းကမ်းရှိတဲ့လူပါ။ မင်းက ငါ့ယောက်ဖ ဖြစ်လာရမယ်!"

မိုးကောင်းကင်အားချုပ်ကိုင်ခြင်း Tempat cerita menjadi hidup. Temukan sekarang