၆၁

87 8 0
                                    

အခန်း ( ၆၁ )

အဆင့် ၁၀ ပန်းပဲဆရာ

သူသည် အမှောင်ထဲသို့ ရောက်သွားပြီးနောက် အလင်းထံသို့ ခေါ်ဆောင်ခြင်းခံခဲ့ရသည်။

ချင်ကျင်းသည် အဆုံးမဲ့ကမ္ဘာ သို့ဝင်ရောက်ရာတွင် ကျင့်သားရနေပြီဖြစ်သည်။ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ မီးခိုးခေါင်းတိုင်မှ မီးခိုးတွေများနေသော အိမ်တော်တော်များများရှိသည့် ရင်းနှီးဟန်ရှိသောရွာကို မြင်လိုက်ရသည်။

ဤတစ်ကြိမ်တွင်၊ ချင်ကျင်းသည် ဦးတည်ချက်မဲ့စွာ လမ်းလျှောက်ခြင်းမဟုတ်တော့ဘဲ ပန်းပဲဆရာဘလိတ်၏ဆိုင်သို့ ပြေးသွားခဲ့သည်။

ယခင်နှစ်ကြိမ်မှ အဖြစ်အပျက်များကြောင့်  ဘလိတ် ဘာမှမပြောမီ ချင်ကျင်းသည် ပင်ပန်းနွမ်းနယ်မှုများကို ပျောက်ကွယ်စေနိုင်သည့် ရေပူစမ်းသို့ ဦးစွာသွားလိုက်သည်။

အံ့ဖွယ်ရေပူစမ်းသည် ချင်ကျင်း၏ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုများကို ချက်ချင်း ဖယ်ရှားပေးလိုက်ကာ သူ၏ ကိုက်ခဲနေသော ကြွက်သားများကို သက်သာစေခဲ့ပြီးနောက် ချင်ကျင်းသည် ၎င်းတို့ထဲ၌ရှိနေသော စွမ်းအင်များကိုပင်ကို ခံစားခဲ့မိသည်။

ဘလိတ်သည် ဒူးထောက်ထိုင်လျက် အပေါက်များရှိသော တံခါးကို မှီကာ ဆေးတစ်ချက်တံရှိုက်လိုက်ပြီး အိပ်ငိုက်နေသော မျက်လုံးများဖြင့် မြေပြင်ပေါ်သို့ မလှုပ်မယှက် စိုက်ကြည့်နေသည်။

“ဒီနေ့မင်းကိုအသစ် သင်ပေးစရာ ဘာမှမရှိဘူး။ တူနဲ့ သွားလေ့ကျင့်နေ။ မင်းတူထု ကျွမ်းကျင်ပြီဆိုရင် ငါ မင်းကို တခြားဟာတွေ သင်ပေးမယ်။"

"ကောင်းပြီ!"

ဘလိတ်က ချင်ကျင်းအနောက်မှ စင်အား ဆေးတံနှင့် ညွှန်ပြလိုက်ပြီး

"ဒီနေ့ကစပြီး အရင်တူကို မသုံးတော့ဘူး။ နံပါတ်နှစ်တူကိုသုံး…”

မိုးကောင်းကင်အားချုပ်ကိုင်ခြင်း Where stories live. Discover now