မီးစွန့်စားသူများ မှအဖွဲ့ဝင်အချို့လည်း ချင်ကျင်း ၏အသိပညာကြောင့် အံ့အားသင့်သွားကြသည်။ စစ်သည်တော်များနှင့် မှော်ဆရာသင်တန်းကျောင်းများသည် စွမ်းအင်ကျောက်တုံးများအကြောင်းကို သင်ကြားပေးကြသော်လည်း အလယ်အလတ်နှင့် အဆင့်မြင့် သင်တန်းကျောင်းများတွင်သာ သင်ကြားပြသပေးကြခြင်းဖြစ်သည်။ ချင်ကျင်း ၏ရင်ဘတ်ပေါ်ရှိ တံဆိပ်ကြောင့် သူသည် အတွေ့အကြုံမရှိသေးသော သင်တန်းကျောင်းမှ ကျောင်းသားတစ်ဦးသာဖြစ်ကြောင်းကို သူတို့သိကြသည်။
“ဟုတ်တယ်၊ ဒါက အဆင့် ၄ စွမ်းအင်ကျောက်တုံးပဲ”
ဝယ်လ်ဖရက်က ဝန်ခံကာ ခေါင်းညိတ်လိုက်သည်။
“မင်းက စစ်သည်တော် ကျောင်းသားတစ်ယောက်ဖြစ်တဲ့အတွက်၊ စစ်သည်တွေဟာ ပုံမှန်အားဖြင့် စွမ်းအင်ကျောက်တွေကို ရောင်းဝယ်လေ့မရှိကြဘူး ပြီးတော့ အဲဒါကို သူတို့ကိုယ်တိုင်အတွက်ပဲ အသုံးပြုတတ်ကြတာကို မင်းသိထားသင့်တယ်။ သူတို့ငွေလိုနေရင်တောင် စွမ်းအင်ကျောင်တုံးဆိုင်မှာပဲ သင့်တော်တဲ့ဈေးနဲ့ ရောင်းဝယ်ကြတာ။ ငါတို့မှာ အချိန်လည်း သိပ်မရှိဘူး ဒီတော့…”
ချင်ကျင်း သူနားလည်ကြောင်းကို ဖော်ပြရင်း ခေါင်းညိတ်လိုက်သည်။ သူက နောက်လှည့်ပြီး ဖရန်ကလင်းအား မေးလိုက်သည်။
"သူဌေး၊ ဒီစွမ်းအင်ကျောက်တုံးအတွက် မျှတတဲ့စျေးနှုန်းက ဘယ်လောက်လဲ?"
ဖရန်ကလင်းက လက်ထဲတွင် တူကိုကိုင်ထားသည့် ချင်ကျင်းကိုကြည့်ပြီး မေးလိုက်သည်။
“ဘာလို့လဲ..? မင်းက ဒီစွမ်းအင်ကျောက်တုံးကို စိတ်ဝင်စားနေတာလား"
ချင်ကျင်းသည် ပခုံးတွန့်ပြပြီး ဟုတ်မှန်ကြောင်းပြလိုက်သည်။ စွမ်းအင်ကျောက်တုံးများကို စိတ်မဝင်စားသော စစ်သည်တော်ဟူ၍ မရှိလောက်ပေ။ အဓိကသွေးဆက်စွမ်းအင်ကို နှိုးထပြီးဖြစ်သော နတ်သူငယ်မင်း၏ မျိုးဆက် သွေးစစ်သည်တော်များပင်လျှင် စွမ်းအင်ကျောက်တုံးများကို စိတ်ဝင်စားကြလေသည်။
ESTÁS LEYENDO
မိုးကောင်းကင်အားချုပ်ကိုင်ခြင်း
Espiritualမိုးကောင်းကင်အားချုပ်ကိုင်ခြင်း pageလေးကိုလည်း Likeလုပ်ပေးကြပါဦးနော်