အခန်း ( ၂၇ ) မှော်ဆန်သော ရေပူစမ်း

99 14 0
                                    


ဘလိတ် သည် မီးညှပ်ကိုလွှတ်ကာ သံကြွပ်ကို ချလိုက်သည်။ ထုရိုက်ခြင်းမှ သက်ရောက်မှုကြောင့် သံကြွပ်သည် လေထဲသို့ ခုန်သွားသောအခါ၊ ဘလိတ် သည် အခြား ပူနေသောအနီရောင် သံကြွပ်ကို ယူလိုက်ပြီး ပေတုံးပေါ်တွင် တင်လိုက်သည်။ လေထဲရှိ သံကြွပ်သည် ယခုသံကြွပ်အသစ်ပေါ်သို့ ပြန်ပြုတ်ကျလာသည့်အခိုက်တွင် တူသည် ထိုသံကြွပ်နှစ်ခုလုံးပေါ်သို့ သက်ရောက်သွားသည်။

ပူနေသော သံနှစ်တုံးသည် ခုန်သွားကာ တစ်ခုနှစ်တစ်ခု တွန်းထုတ်ချင်သော်လည်း သက်ညှာမှုကင်းမဲ့သော တူရိုက်ချက်များက ထိုသံတုံးများကို အတူတကွ ပူးကပ်သွားစေခဲ့သည်။

ချင်ကျင်းသည် ထိုဖြစ်စဉ်အား ကြည့်နေစဉ် မျက်တောင်များ ထပ်တလဲလဲခတ်နေလေသည်။ ဤကျွမ်းကျင်မှုအသစ်သည် မနေ့က သင်ယူခဲ့သော ကျွမ်းကျင်မှုထက် ပိုခက်ခဲပုံပေါ်သည်။ ဤတစ်ကြိမ်တွင် သူသည် တူအား အပြည့်အ၀ လွှဲကာ သံကြွပ်နှစ်ခု ဆုံမည့်အချိန်ကို ခန့်မှန်း ရတော့မည်ဖြစ်သည်။ တစ်နည်းအားဖြင့် သံကြွပ်နှစ်ခု အချင်းချင်း ထိမိသည့်အခိုက်အတန့်တွင် သူသည် ရိုက်ချရမည်။

"ဒါက ပန်းပဲပညာရဲ့ အစိတ်အပိုင်းတစ်ခုပဲလား"

ချင်ကျင်း စိတ်များလွင့်မြောသွားသည်။ ချင်ကျင်းသည် ရန်သူအား တိုက်ခိုက်ပုံနှင့် သတ်နည်းကို သူ့အား သင်ကြားပေးနေသည့် ကြီးမြတ်သော စစ်သည်တော်တစ်ဦးကို ကြည့်ရှုနေသကဲ့သို့ ခံစားခဲ့ရသည်။

တူကြီးကို မြှောက်ကာ တစ်ပတ်အပြည့်လွှဲပြီး သံကြွပ်များပေါ်သို့ ရိုက်ချလိုက်သည်.....။

တူကြီးကို မြှောက်ကာ တစ်ပတ်အပြည့်လွှဲပြီး သံကြွပ်များပေါ်သို့ ရိုက်ချလိုက်သည်.....။

တူကြီးကို မြှောက်ကာ တစ်ပတ်အပြည့်လွှဲပြီး သံကြွပ်များပေါ်သို့ ရိုက်ချလိုက်သည်.....။

သံအပိုင်းအစနှစ်ပိုင်းသည် တစ်သားတည်းဖြစ်သွားပြီး လှံထိပ်ဖူးပုံစံကဲ့သို့ ပြောင်းလဲသွားသည်။ လက်ရာမြောက်လှသော သံသွန်းမှု မှအပူများသည် ချင်ကျင်း၏ မျက်နှာကို ဟပ်သွားပြီး ချွေးများပင်ပြန်လာစေတော့သည်။ အရင်တစ်ခါကဲ့သို့ ဘလိတ်သည် သူ့ပြုလုပ်ခဲ့သည့် သံတို့ကို မီးညှပ်ဖြင့် ကောက်ယူပြီး ရေပုံးထဲကို ပစ်ချလိုက်လေသည်။ ပူပြင်းသောသတ္တုသည် ရေအေးနှင့် ဆုံပြီး တိမ်တိုက်ကဲ့သို့ အငွေ့များ အဆက်မပြတ် တက်လာသည်နှင့်အမျှ အော်ဟစ်သံကဲ့သို့ ညည်းညူသံလည်း ထွက်ပေါ်လာသည်။

မိုးကောင်းကင်အားချုပ်ကိုင်ခြင်း Nơi câu chuyện tồn tại. Hãy khám phá bây giờ