၅၇

80 8 0
                                    

အခန်း ( ၅၇ )

မြင့်မြတ်သော ကောင်းကင်ဓား၏ ပြန်လည်ရှင်သန်မှု အပိုင်း (၂)

ကောင်းကင်ကျောက်?

ချင်ကျင်းသည် အတန်းထဲတွင် တစ်ချိန်က ထိုကျောက်အကြောင်းကို ကြားခဲ့ဖူးပြီး ဤတိမ်ခွဲကျောက် တစ်ခုလုံးကို ရှယ်ယာထည့်လျှင်ပင် ၎င်းသည် ဦးခေါင်းအရွယ် ကောင်းကင်ကျောက်ကိုပင် လဲလှယ်မရနိုင်သေးကြောင်းကို သူသိသည်။ ကောင်းကင်ကျောက်သည် ပြင်းထန်စွာ ဒဏ်ရာရနေသော သေအံ့ဆဲဆဲ လက်နက်တိုင်းကို အသက်ပြန်သွင်းနိုင်သည်ဟု ဆိုကြသည်။

တစ်ချိန်တည်းမှာပင် ထိုကျောက်သည် အလွန်ပျက်စီးလွယ်သည်။ ထိုကျောက်ကို သုံးစွဲလိုက်တိုင်း စွမ်းအင်များစွာလည်း ကုန်ဆုံးနိုင်ပေသည်။ ထို့ကြောင့် သွေးဆက်စစ်သည်တော်များ ရှိသည့် မိသားစုကြီးတွေကပင် မလိုအပ်လျှင် အသုံးမပြုကြပေ။

တိမ်ခွဲကျောက်ပေါ်တွင် ရေအနည်းငယ်ဖြန်းရင်း ချင်ကျင်း သည် ဓားကို လက်နှစ်ဖက်ဖြင့် ကျောက်ပေါ်သို့ ဂရုတစိုက်တင်လိုက်သည်။ တစ်ဖက်က ဓါး‌လက်ကိုင်ကို ကိုင်ကာ ကျန်တစ်ဖက်က ဓါးသွားကို ကိုင်ထားသည်။ ထို့နောက် သူသည် ဓါးဆေးခြင်းနည်းကို ပြန်လည်စဉ်းစားလိုက်သည်။

ဓါးကို ချွန်ထက်အောင်သာလုပ်တတ် သူများသာဆိုလျှင် မြင့်မြတ်သော ကောင်းကင်ဓား ကို သေဆုံးခြင်းမှ ကယ်တင်နိုင်လိမ့်မည် မဟုတ်ပေ။ သို့သော် ဓါးဆေးခြင်း ကျွမ်းကျင်သောသူများအတွက်မူ ထိုဓါးကို သေချာပေါက် ကယ်တင်နိုင်မည်ဖြစ်သည်။

ရွှမ်း...!

ဓားသွေးကျောက်တုံး နှင့် သတ္တုတို့ ပွတ်တိုက်သံကို ကိုကြားလိုက်ရသောအခါ ဖာဘရီဒစ်၏ နှလုံးသားများ တုန်လှုပ်သွားလေသည်။ သူ၏ ချစ်လှစွာသောဓါး နှင့် ပွတ်တိုက်ရာမှ ထွက်လာနေသော ပုလဲကဲ့သို့ အမှုန်မွှားလေးများကို စိတ်လှုပ်ရှားစွာ ကြည့်နေခဲ့သည်။

မိုးကောင်းကင်အားချုပ်ကိုင်ခြင်း Where stories live. Discover now