အခန်း ( ၅၆ )
မြင့်မြတ်သော ကောင်းကင်ဓါး၏ ပြန်လည်ရှင်သန်မှု အပိုင်း (၁)
“ဘာဖြစ်သွားတာလဲ…”
ဖာဘရီဒစ်သည် အရှုပ်အပွများကြား၌ရှိနေသော လူငယ်လေးအား ကြည့်ကာ နောက်ဆုံး တိုက်ခိုက်လိုက်သည့် မြင်ကွင်းသည် သူ့ခေါင်းထဲတွင် လျင်မြန်စွာ အထပ်ထပ် အခါခါ မြင်ယောင်နေခဲ့သည်။
တိုက်ခိုက်မှုက အလွန်ပင်ထူးဆန်းလှသည်။ သို့သော်လည်း ဖာဘရီဒစ်သည် အဘယ်ကြောင့် ဤကဲ့သို့ ဖြစ်သွားရသည်ကို မပြောတတ်ပေ။ ထိုအရာမှာ ပန်းပဲဆရာက သံသွန်းမနေဘဲ သံတူအားကိုင်၍ ဝှေ့ယမ်းပြနေပုံရသည်။
အကယ်၍သာ ပန်းပဲဆရာများသည် ၎င်းတို့၏ အလုပ်အား ထိုသို့ထူးထူးခြားခြား လုပ်နိုင်ခဲ့ပါက ပန်းပဲဆရာများအားလုံးသည် သူရဲကောင်းများ ဖြစ်နေကြသည်မှာ ကြာမြင့်နေခဲ့မည်ဖြစ်သည်။
၎င်းတို့၏ အစွမ်းထက်ဆုံး ခွန်အားကို အစွမ်းကုန် ထုတ်လွှတ်နိုင်သော စစ်သည်များသည် တစ်နည်းအားဖြင့် ပန်းပဲဆရာများဖြစ်ကြောင်း ဖာဘရီဒစ်သည် သိခဲ့သည်။ ထိုအရာများက သာမန်နေ့များ၌ လုပ်နေကြအရာများဖြစ်သည်။
သို့သော်လည်း ထိုထိုးနှက်ချက်သည် ဖာဘရီဒစ်အား အံ့အားသင့်စေခဲ့သည်။ ၎င်းသည် သူမျှော်လင့်ထားသည်ထက် ကျော်လွန်နေခဲ့သည်။ ၎င်း၏လမ်းကြောင်းကိုပင် ခန့်မှန်း၍မရခဲ့ပေ။ တိုက်ခိုက်ချက်၏ ပစ်မှတ်သာမက တိုက်ခိုက်မှုအဆုံးသတ်မည့်နေရာပါ အပါအဝင်ဖြစ်သည်။ ထို့နောက် အရေးအကြီးဆုံးမှာ သူသည် ဤထိုးချက်အား သဘောကျသွားခဲ့သည်။
ချင်ကျင်းသည် ထိုအရှုပ်အထုတ်များပေါ်တွင် လက်တစ်ဖက်ဖြင့် ထောက်၍ ထလိုက်ပြီး ကျန်တစ်ဖက်ဖြင့် သူ့ဝမ်းဗိုက်ကို ညင်သာစွာ ပွတ်သပ်ခဲ့သည်။ သူသည် ဖြည်းညှင်းစွာထထိုင်ကာ မျက်နှာကို သပ်ရပ်အောင်ပြုလုပ်လိုက်ပြီး ပြောလိုက်သည်။
KAMU SEDANG MEMBACA
မိုးကောင်းကင်အားချုပ်ကိုင်ခြင်း
Spiritualမိုးကောင်းကင်အားချုပ်ကိုင်ခြင်း pageလေးကိုလည်း Likeလုပ်ပေးကြပါဦးနော်