အခန်း ( ၆၆ )
စစ်သည်တော်၊ သတ်ဖြတ်လိုစိတ်များ၊ လေးသည်တော်နှင့်စစ်ပွဲ
အယောက် ၇၀ သို့မဟုတ် ၈၀ ရှိသော အဆင့် ၅ စစ်သည်တော်များကို ခန္ဓာကိုယ်ပေါ်တွင် မတူညီသော အတိမ်နက်များနှင့် အမာရွတ် ဆယ်ခုထက် မနည်းရရှိခဲ့ကာ အနိုင်ယူခြင်းသည် သာမာန်အခြေအနေများတွင် အဆင့် ၇ စစ်သည်တော် တစ်ဒါဇင်အတွက်ပင် အောင်မြင်ရန် မဖြစ်နိုင်ပေ။ သို့သော် ချင်ကျင်းသည် သူ၏ဓါးရှည်ကိုအသုံးပြုကာ ၎င်းကို သူတစ်ဦးတည်းလုပ်ခဲ့ခြင်းဖြစ်သည်။
ချင်ကျင်းသည် အားပြန်ပြည့်စေသောဆေးရည် သောက်လိုက်ပြီးသောအခါ သူ၏ခန္ဓာကိုယ်တွင်းရှိ စွမ်းအင်သိုလှောင်ရာ နေရာများတစ်လျှောက် စစ်သည်တော် အတွင်းအားများ လျှံထွက်နေသည်ကို ခံစားလာပြီး သူ၏ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုကို အတိုင်းအတာတစ်ခုအထိ ဖယ်ရှားပစ်နိုင်ခဲ့သည်။
"ဆေးဆိုင်မှာ ဆေးရည်ဖော်စပ်နည်းတွေ သင်ယူနိုင်မလားဆိုတာ သိနိုင်ဖို့ ဘလိတ်နဲ့ ဆွေးနွေးဖို့ အချိန်ရှာကြည့်ရမယ်။"
ချင်ကျင်းသည် တစ်ဖန်ပြန်၍ စွမ်းအင်ပြည့်ဝလာသော သူ၏ခန္ဓာကိုယ်ကို လှုပ်ရှားခဲ့သည်။
“ဒါက တကယ့်ကို မယုံနိုင်စရာပါပဲ။”
“ဂျွပ်၊ ဂျွပ်…”
တိတ်ဆိတ်သော တောအုပ်ထဲမှ တိရိစ္ဆာန်တစ်ကောင်၏ ငိုကြွေးမြည်တမ်းသံ ထွက်ပေါ်လာပြီးနောက် ကြီးမားသော အရာဝတ္ထုတစ်ခုသည် ချုံပုတ်ထဲတွင် ပြေးလွှားနေသံပေါ်လာသည်။ အရိုးကွဲအက်သံသည် ၎င်း၏လှုပ်ရှားမှုကို ရပ်တန့်စေခဲ့သည်။
ချင်ကျင်းသည် လက်ထဲတွင် ကိုင်ဆောင်ထားသော ကျန်းမားတာအိုဓားဖြင့် ခြေထောက် ခုတ်လှဲခံရထားသော လက်တစ်ဖက်သာရှိသည့် မျောက်ဝံတစ်ကောင်ထံသွားခဲ့သည်။ အနောက်တောင်တန်းဆီ လျှောက်လာသည်မှာ သုံးရက်ကြာခဲ့ပြီ။
YOU ARE READING
မိုးကောင်းကင်အားချုပ်ကိုင်ခြင်း
Spiritualမိုးကောင်းကင်အားချုပ်ကိုင်ခြင်း pageလေးကိုလည်း Likeလုပ်ပေးကြပါဦးနော်