၆၇

122 8 3
                                    

အခန်း ( ၆၇ )

သားရဲအမြုတေ

ချင်ကျင်းသည် ခေါင်းဆောင်ဝံပုလွေ၏ အလစ်အငိုက်ကို စောင့်ဆိုင်းနေခဲ့သည်။ ဝံပုလွေအုပ်တိုင်းတွင် တူညီသောအချက်တစ်ခုရှိကြသည်ကို ချင်ကျင်း ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းမှာ ဝံပုလွေတို့သည် များသောအားဖြင့်သတိကြီးကြသော်လည်း အချို့သောအချိန်များတွင် ပေါ့ပေါ့လျော့လျော့ နေတတ်လေ့ရှိကြသည်။

ဝံပုလွေများသည် တစ်ရေးတစ်မော အိပ်နေချိန်၌ပင် အလွန်သတိရှိနေရကြောင်း ချင်ကျင်း တွေ့ရှိခဲ့သော်လည်း အနားယူပြီးနောက် သူတို့ထလာသောအခါတွင် ၎င်းတို့သည် အမှန်တကယ် သတိလျှော့နေတတ်ကြသည်။

ချင်ကျင်းသည် အချိန်ကုန်လွန်လာသည်နှင့်အမျှ ဝါရင့်မုဆိုးကဲ့သို့ ဝံပုလွေခေါင်းဆောင်အား အထူးအာရုံစိုက် နေခဲ့သည်။

 အာဝူး..…

ဝံပုလွေခေါင်းဆောင်သည် မျက်လုံးများကိုဖွင့်၍ ကောင်းကင်သို့မော့ကာ အူလိုက်ပြီး အခြားဝံပုလွေမျာကိုလည်း လိုက်အူရန် လှုံ့ဆော်ပေးနေခဲ့သည်။ ခြေလက်လေးချောင်းသည် မြေပြင်ကို ထောက်ကာ ဖြည်းဖြည်းချင်း ထလာခဲ့သည်။

"အခွင့်အရေးလာပြီ!"

ချင်ကျင်း၏ မှေးမှိန်နေသော မျက်လုံးများသည် ရုတ်တရက် တိုက်ပွဲများကို ဆာလောင်နေသည့် အမူအရာများ ပေါ်လွင်လာပြီး အဆင့် ၉ စစ်သည်တော်အတွင်းအားသည် သူ့ခန္ဓာကိုယ်တွင်းရှိ သွေးကြောများနှင့် အတွင်းအားသိုလှောင်ရာ နေရာများမှ ခြေထောက်များသို့ ဖြန့်ထွက်လာခဲ့လေသည်။ ကွေးထားသော ဒူးများကို အားဖြင့်တွန်းထုတ်လိုက်ပြီး ပြင်းထန်စွာ ခုန်လိုက်သည်။ သူသည် အားကောင်းသော လေးညှို့မှ ပစ်လွှတ်လိုက်သော မြှားတစ်စင်းကဲ့သို့ ဝံပုလွေခေါင်းဆောင်ထံသို့ ခုန်သွားပြီး လွန်ခဲ့သည့် သုံးရက်က သူစုဆောင်းထားသော ရှိသမျှလက်ကျန် ခွန်အားများဖြင့် ပစ်မှတ်အား ခုတ်ထစ်ပစ်လိုက်တော့သည်။

မိုးကောင်းကင်အားချုပ်ကိုင်ခြင်း Where stories live. Discover now