နွားရိုင်းကြီး ရူဒီသည် ပထမနှစ်ကျောင်းသားများထဲ၌ တတိယမြောက် ခွန်အားအကောင်းဆုံး ကျောင်းသားဖြစ်သည်။ ဒုတိယနှစ်ကျောင်းသားအများစုကိုလည်း ခွန်အားသက်သက်ဖြင့် ပြိုင်ပွဲများ၌ အနိုင်ယူနိုင်သူတစ်ဦးလည်း ဖြစ်သည်။ သေချာသည်မှာ မှော်ဆရာတစ်ဦးက ချင်ကျင်းအား {နွားရိုင်းခွန်အား} မှော်အတတ် ပြုလုပ်ပြီးကူပေးပါသော်ငြား ရူဒီကို လက်မောင်းလှဲခြင်း၌ အနိုင်ယူနိုင်ရန်လွယ်ကူလိမ့်မည် မဟုတ်ပေ။
ရူဒီသည် သာမာန်မိသားစုလေးမှ မွေးဖွားလာသူတစ်ဦးဖြစ်သော်လည်း ခွန်အားကြီးမားခြင်း ပါရမီပါလာသူတစ်ဦး ဖြစ်ပေသည်။ အချို့သောသူများကမူ ရူဒီသည် မြောက်ပိုင်းသား လူရိုင်းများ၏ အနွယ်ဆက်ဖြစ်သော လူရိုင်းမျိုးနွယ်မှ ဆင်းသက်လာသူ ဖြစ်လိမ့်မည်ဟူ၍ မှတ်ချက်ပြုကြသည်။
“သောက်ကလေး မင်းကငါ့နဲ့လက်မောင်းလှဲမယ်ပေါ့”
စားပွဲ၏ တစ်ဖက်တွင်ထိုင်နေသော ရူဒီသည် သူ၏လက်မောင်းများကိုမြှောက်လိုက်ကာ စားပွဲပေါ်သို့ တံတောင်အား ထုချလိုက်သည်။
ဘုန်း.......!
ချင်ကျင်း၏ ပေါင်အရွယ်မျှရှိသည့် လက်မောင်းများကြောင့် ရိုက်လိုက်သောအသံသည် ကျယ်လောင်စွာထွက်ပေါ်သွားသည်။ ရူဒီ၏ ရိုက်ချက်ကြောင့် သစ်သားခုံသည်လည်း အနည်းငယ် လှုပ်ခါသွားတော့သည်။
“စရအောင်...”
ရူဒီသည်သူ၏ အခြားလက်တစ်ဖက်ဖြင့် စားပွဲကိုရိုက်လိုက်ကာ
“မင်းကို အလျှော့ပေးပြီး ပြိုင်ပေးစေချင်လား.....”
ချင်ကျင်းသည် ထိုအပေးယူကို လက်ခံချင်သော်လည်း အတန်းနှစ်ကျောင်းသားများဆီမှ မထီမဲ့မြင်အပြုမူများ ကြောင့် ရူဒီ၏ အပေးယူကို ငြင်းလိုက်ရရှာသည်။
“ မင်းငါ့ကို အလျှော့ပေးဖို့ မလိုပါဘူး”
ESTÁS LEYENDO
မိုးကောင်းကင်အားချုပ်ကိုင်ခြင်း
Espiritualမိုးကောင်းကင်အားချုပ်ကိုင်ခြင်း pageလေးကိုလည်း Likeလုပ်ပေးကြပါဦးနော်
